ဂျီနီဗာ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

အလယ်အမေရိက နှင့်တောင်အမေရိကတိုက်သည် လက်ရှိတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ဗဟိုချက် နေရာဖြစ်လာကြောင်း ၊ နိုင်ငံတကာအသိုက်အဝန်းက တစ်ညီတစ်ညွတ်တည်းဖြစ်ရန်လိုအပ်ပြီး ၎င်းဒေသများ၏ကပ်ရောဂါတိုက်ဖျက်ရေးကို ကူညီဆောင်ရွက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။ 

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံ ၌ ၂၀၂၀ပြည့်နှစ် မေလ တစ်လလုံးတွင် ငလျင် ၂၈ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာန ငလျင်ဌာနခွဲ မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောသည်။

 

ရန်ကုန် ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

နိုင်ငံတစ်ဝန်း၌ ဧပြီ ၉ ရက်မှ ဇွန် ၁ ရက်အထိ ကာလအတွင်း လေပြင်းဘေးအန္တရာယ်ကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောကြားခဲ့သည်။ 

ဟောင်ကောင် ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ရှိ အဓိကတက္ကသိုလ်ကြီးများက ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမှုအပေါ် ထောက်ခံအားပေးကြောင်း ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ ဇွန် ၂ ရက်(ဆင်ဟွာ)

အာဖရိကနိုင်ငံများနှင့်ပြည်သူများသည် လူမျိုးရေးခွဲခြားဆက်ဆံမှုတွင် ဝမ်းနည်းကြေကွဲဖွယ်ကောင်းသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဖရိက၏ တရားမျှတရေးအတွက် တောင်းဆိုသံကို ထောက်ခံကြောင်း၊ အာဖရိကနှင့်အတူလူမျိုးရေးခွဲခြားဆက်ဆံမှုမှန်သမျှနှင့် ထိုသို့ဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်မှုများ၊ အမုန်းစကားများကို ခိုင်မာစွာ ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇွန် ၁ ရက်တွင်  ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က လူမဲအမျိုးသား George Floyd သေဆုံးမှုအပေါ် အမေရိကန်နိုင်ငံ၌ ငြိမ်းချမ်းစွာဆန္ဒပြခြင်းကို မြင်တွေ့လိုကြောင်း နှင့် အာဏာပိုင်များအနေဖြင့် ဆန္ဒပြသူများအား တုံ့ပြန်ကိုင်တွယ်ရာတွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်ဟု အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။

နယူးယောက် ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၌ ဇွန် ၁ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၃ မိနစ်ထိ နောက်ဆုံးရရှိခဲ့သော စာရင်းများအရ နိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ခံရသူ ၁,၈၀၈,၂၉၁ ဦး(၁.၈ သန်း ကျော်) ထိရှိခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ ကုတင်(၅၀၀)ဆံ့ဆေးရုံ၏ ငါးထပ်ဆောင်သစ်ရှိ ဓာတ်မှန်ခန်းတွင် ယနေ့ (ဇွန် ၁ ရက်) ညနေ ၅နာရီ ၂၃ မိနစ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အဆိုပါ ဆေးရုံတာဝန်ခံတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။

လော့စ်အိန်ဂျလိစ်၊ ဇွန် ၁ ရက် (ဆင်ဟွာ) 

အာဖရိကန် အမေရိကန်လူမည်း အမျိုးသားဂျော့ဖလွိုက် သေဆုံးမှုကြောင့် အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် ပြည်သူများ ဆန္ဒပြလျှက်ရှိရာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင်လည်း ဆန္ဒပြမှုများ ဖြစ်ပေါ်နေပြီး အဆိုပါဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့သည့် ရုပ်သံဖိုင်တစ်ခုကို တင်ဆက်လိုက်ခြင်းဖြစ်သည်။ (Xinhua)