09
Mon, Dec
489 New Articles

အီကွေဒေါ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

အီကွေဒေါနိုင်ငံ အလယ်ပိုင်း တွင် စက်တင်ဘာ ၅ ရက် ညပိုင်းက အင်အား ၆.၃ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးအဖွဲ့ ကပြောကြားခဲ့သည်။ (Xinhua)

ခါတွန်၊သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

ဆူဒန်နိုင်ငံတွင် သဘောၤတစ်စီးနိုင်းလ်မြစ်ကိုဖြတ်စဉ် သြဂုတ်လ ၁၅ ရက်ကနစ်မြုပ်ခဲ့မှုကြောင့်ကျောင်းသား ၂၂ ဦး အနည်းဆုံးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင် SUNA သတင်းဌာနကထုတ်ပြန်ခဲ့သည်။သဘောၤပေါ်တွင်လူ ၄၀ ကျော်လိုက်ပါလာပြီး ရာသီဥတုအခြေအနေဆိုးများကြောင့်တိမ်းမှောက်ခဲ့ခြင်း

ဖြစ်ကြောင်းသိရသည်။(Xinhua)

ဂျာကာတာ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Loloan ဒေသ၏ အရှေ့ အရှေ့တောင်ဘက် ၂ ကီလိုမီတာ အကွာ၌ သြဂုတ် ၅ရက် ဂရင်းနစ်စံတော်ချိန် ၁၁း၄၆နာရီ တွင် အင်အား ၇.၀ ပမာဏရှိ အင်အားအလွန်ပြင်းထန်သောငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကပြောကြားခဲ့သည်။

အော့တ်တာဝါ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ တိုရန်တိုမြို့ ရှိ လူရှုပ်ထွေးသော ရပ်ကွက်တစ်ခုတွင် သေနတ်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CTV ကဖော်ပြခဲ့သည်။

ချင်းရိုင်၊ ဇူလိုင် ၁၀ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ကျောက်ဂူတစ်ခုအတွင်း ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ ပိတ်မိနေသည့် ကလေးငယ် ၁၂ ဦးစလုံး နှင့်၎င်းတို့၏နည်းပြ အား ဇူလိုင် ၁၀ ရက်တွင်ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

ချင်းရိုင်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ရှိ ဂူတစ်ခုတွင် ပိတ်မိနေသော ထိုင်းလူငယ်ဘောလုံးသမား ၁၃ ဦးကို အသက်ရှင်လျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ချင်းရိုင်အုပ်ချုပ်ရေးမှူးက ဇူလိုင် ၂ရက် ညတွင် ပြောကြားခဲ့သည် (Xinhua)

ဟောင်ကောင် ၊ မေ ၅ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ Pandan ဒေသ၏ မြောက်၊အနောက်မြောက် ၅၆ ကီလိုမီတာအကွာ၌ ဗဟိုပြု၍ ပြင်းအား ၆.၁ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးဌာနက ယနေ့မေလ ၅ ရက်တွင် ပြောကြားခဲ့သည်။

၎င်းငလျင်သည် အနက် ၁၇.၈၇ ကီလိုမီတာကို ဗဟိုပြု၍ မြောက်လတ္တီကျု့၁၄.၄၉၆၉ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု့၁၂၃.၉၃၁၂ ဒီဂရီအကြားတွင် လှုပ်ခတ်သွားကြောင်း သိရသည်။(Xinhua)

ပေကျင်း ၊ မေလ ၅ ရက်(ဆင်ဟွာ)

ဟာဝိုင်ယီကျွန်းတွင် မေ ၅ ရက် ပေကျင်းစံတော်ချိန် နံနက် ၆ နာရီ ၃၂ မိနစ်တွင် ပြင်းအား ၆.၉ အဆင့် အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ၊ ယင်းငလျင်သည် မြောက်လတ္တီကျု့၁၉.၃၉ ဒီဂရီ နှင့် အနောက်လောင်ဂျီကျု့၁၅၅. ၁ ဒီဂရီအတွင်း ၊ အနက် ၁၀ ကီလိုမီတာ၌ ဗဟိုပြု၍ လှုပ်ခတ် သွားကြောင်း တရုတ်နိုင်ငံ မြေငလျင်တိုင်းတာရေးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထား သော သတင်းများအရ သိရသည်။(Xinhua)

လန်ဒန် ၊ မေ ၂ ရက်(ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အနောက်မြောက်ပိုင်း၌ မေ ၂ ရက် နံနက်အစောပိုင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး အခြားတစ်ဦး စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေကြောင်း သိရသည်။(Xinhua)

Page 2 of 3