09
Mon, Dec
489 New Articles

ပေကျင်း ၊ မေ ၂ ရက် (ဆင်ဟွာ)

ထိုင်ဝမ်ကျွန်း၏ Hualien မြို့အနီး ပင်လယ်ရေပြင်၌ ယနေ့(မေလ ၂ ရက်) ပေကျင်းစံတော်ချိန် နံနက် ၇ နာရီ ၄၇ မိနစ်တွင် ပြင်းအား ၅.၂ အဆင့်ရှိ အင်အား အသင့်အတင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။

နယူးယောက် ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ပါပူဝါနယူးဂီနီနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်၌ ယနေ့( မတ် ၂၆ ရက်) တွင် ပြင်းအား ၇.ဝ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေး ဌာနက သတင်းထုတ်ပြန်သည်။(Xinhua)

နေပြည်တော် ၊ မတ် ၂၂ ရက်(ဆင်ဟွာ)

ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးထွန်းထွန်းဟိန် အား ရွေးကောက် တင်မြှောက် လိုက်ကြောင်း ယနေ့မတ် ၂၂ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။

နေပြည်တော် ၊ မတ် ၂၂ ရက်(ဆင်ဟွာ)

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဦးတီခွန်မြတ် အား ရွေးကောက် တင်မြှောက် လိုက်ကြောင်း ယနေ့မတ် ၂၂ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။

ရန်ကုန် ၊ မတ် ၂၁ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် ယနေ့မတ် ၂၁ ရက်တွင် နိုင်ငံတော် သမ္မတ ရာထူးမှ နုတ်ထွက်သွားကြောင်း သမ္မတရုံးမှ ထုတ်ပြန် ကြေညာခဲ့သည်။(Xinhua)

ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Kodiak ကျွန်း အရှေ့တောင်ဘက် ၂၇၈ ကီလိုမီတာတွင် ဇန်နဝါရီလ ၂၃ ရက် ဂရင်းနစ် စံတော်ချိန် ၉း၃၁ နာရီ၌ ပြင်းအား ၈.၂ အဆင့်ရှိသော အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးက ပြောကြားခဲ့သည်။

ဂျကာတာ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ယနေ့ဇန်နဝါရီ ၂၃ရက် တွင် အင်အား ၆.၁ ပမာဏရှိသည့် ငလျင်ပြင်းတစ်ခု လှုပ်ခတ်သွားခဲ့သော်လည်း ဆူနာမီဖြစ်ပေါ်လာနိုင်ခြေ မရှိကြောင်း မိုးလေဝသ နှင့် ဘူမိရူပဗေဒဋ္ဌာန မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Dedi Sugianto ကပြောကြားခဲ့သည်။

Page 3 of 3