16
Tue, Jul
542 New Articles

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စက်မှု ၊ ဟိုတယ် နှင့် ပညာရေး ကဏ္ဍတို့ မှ လုပ်ငန်း ၄ ခုအား ခွင့်ပြု

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၉/ ၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ - DICA) Local

ရန်ကုန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့် ပညာရေးကဏ္ဍမှ လုပ်ငန်းစုစုပေါင်း (၄)ခုအား မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၉/ ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏသည် အမေရိကန် ဒေါ်လာ ၂၇.၄၀၈ သန်းနှင့် ကျပ် ၁၄,၅၁၉.၆၈ သန်း ရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၁၆ နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၉/ ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား ယနေ့တွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)