24
Wed, Jul
546 New Articles

ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

 နိုင်ငံခြားဘဏ် ဘဏ်ခွဲများအား ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ (Local Corporate)သို့ မည်သည့်ချေးငွေဖြည့်ဆည်းမှု (Any Financing) ကိုမဆိုဆောင်ရွက်ခြင်း နှင့် အခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ (Other Banking Services)ဆောင်ရွက်ခြင်းတို့ကို ခွင့်ပြုကြောင်း ညွှန်ကြားချက်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။ 

ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

ပထမအကြိမ် Myanmar Commerce Fair 2018 (မြန်မာ့ ကုန်သွယ်စီးပွားပွဲတော်) ကို ဒီဇင်ဘာလ ၁ ရက်နေ့ နှင့် ၂ ရက်နေ့များတွင် Yangon Convention Center (YCC) တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ အတွင်း စီးပွားရေး လုပ်ငန်း လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများအား ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အခွင့်အလမ်းများ ရှာဖွေ တွေ့ ရှိနိုင်စေရန် ရည်ရွယ်ပြီး Invest Myanmar Summit 2019 အား နေပြည်တော်၌ ၂၀၁၉ ခုနှစ် ၊ ဇန်န၀ါရီလ ၂၈ ရက်မှ စတင်ကာ ၂ ရက်ကြာ ကျင်းပ သွားမည် ဖြစ်ကြောင်း ယနေ့ ရန်ကုန်မြို့ ၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

သီတင်းကျွတ်ကာလ အပြီး တွင် ဒေါ်လာဈေးအမြင့်ဈေးသို့ ပြန်လည်ရောက်ရှိလာသလိုပင် မြန်မာ့ရွှေဈေးနှုန်းကလည်း ရွှေတစ်ကျပ်သား ပေါက်ဈေးသည် ကျပ်၁,၀၂၄,၀၀၀ မှ ကျပ် ၁,၀၃၉,၀၀၀ အထိ ၅ရက်အတွင်း ကျပ်၁၅,၀၀၀ဈေးမြင့်လာခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)

ကျောက်မျက်ရိုင်း များနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နိုဝင်ဘာ ၁၂ ရက်မှ ၁၇ ရက် ထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည် ဖြစ်ရာ နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင် များကိုသာ တက်ရောက် ၀ယ်ယူခွင့် ပြုသွားမည်ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီ အစည်း အဝေးမှ သိရသည်။

 

ရန်ကုန် ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ)

အီးယူ ကုန်သွယ်မှု အခွင့်အရေး စိစစ် လေ့လာရေး အဖွဲ့ (EU EBA Monitoring Mission) လာရောက်ခဲ့သည့် ကိစ္စ အပေါ် ကဏ္ဍအစုံ နှင့် တွေ့ ဆုံ ဆွေးနွေးမှု အပြီးတွင် ဖြစ်သင့် ဖြစ်ထိုက်သော ချင့်ချိန်မှုမျိုးနှင့် ပြန်လည် တင်ပြခြင်း ဖြစ်ရန် မျှော်လင့်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားခဲ့ကြောင်း ယနေ့ အောက်တိုဘာ ၃၀ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှတဆင့် သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ၀ယ်ယူ ရောင်းချလဲလှယ်ပေးခွင့် လိုင်စင် ရရှိသူများ(Money Changer Licence-MC) နှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်း လိုင်စင်(Authorized Dealer Licence-AD) ကိုင်ဆောင်ထားသူများ လိုက်နာရန် ညွှန်ကြားချက် အမှတ်(၅/၂၀၁၈)အား ထုတ်ပြန်ထားကြောင်း သိရသည်။

 

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများအပါဝင် လုပ်ငန်း ၆ ခုအား ကော်မရှင်၏ (၁၇/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

 

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် Pride of Myanmar ဆုကို  စတင်ချီးမြှင့်မည်ဖြစ်ပြီး ယခုနှစ်အတွက် ဆု ၈ဆုထိ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ယနေ့ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသော အဆိုပါဆုနှင့် ပတ်သတ်သည့်  သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။

ရန်ကုန် ၊ အောက်တိုဘာ ၁၀ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံရန် အတည်ပြုလွှာများ တင်ပြ လာခြင်း အပေါ် စိစစ်ပြီး ပထမအကြိမ် အတည်ပြုမိန့် ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။