22
Mon, Jul
548 New Articles

ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၀)ခုကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲတွင် အမေရိကန်ဒေါ်လာ ၅၄ သန်းကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းလေးခုအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ရန်ကုန် ၊ မတ် ၁၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁,၁၆၁ ဦး ဖန်တီး ပေးနိုင်မည့် လုပ်ငန်း ၇ ခုအား ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

 

ရန်ကုန် ၊ မတ် ၁၅ ရက်(ဆင်ဟွာ)

ပို့ ကုန် ဖွံ့ ဖြိုး တိုးတက်ရေး အတွက် အမျိုးသား ပို့ ကုန် မဟာဗျူဟာ (၂၀၁၅-၂၀၁၉) အား အကောင် အထည်ဖော် ဆောက်ရွက်ခဲ့ရာ ယခုအခါ ငါးနှစ်တာ ကာလ ပြီးဆုံးတော့မည် ဖြစ်၍ ဒုတိယ ငါးနှစ်တာ ကာလ ၂၀၂၀ - ၂၀၂၅ အား ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ ပြပွဲစတုတ္ထနေ့တွင် ကျောက်မျက် အတွဲစုစုပေါင်း ၆၉ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော် ၊ မတ် ၁၁ ရက်(ဆင်ဟွာ)

၅၆ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ယနေ့  စတင် ကျင်းပခဲ့ပြီး ကျောက်စိမ်း ၊ ကျောက်မျက် နှင့် ပုလဲ အတွဲပေါင်း ၇,၇၄၈ တွဲအား အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဗဟို ကော်မတီမှ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၏ အောက်တိုဘာလမှ ဇန်နဝါရီလထိ (ယာယီ) မြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၁,၃၁၆ သန်း ဆောင်ရွက်နိုင်ကြောင်း၊ ယခင်ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၃၁၈ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက်နှင့် ၁၇ ရက်တွင် ချင်းပြည်နယ် ၌ ကျင်းပ ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

ပြည်ပရောက်မြန်မာရွှေ့ ပြောင်းလုပ်သား အရေအတွက်သည် ၅ သန်းထိ ရောက်ရှိသွားပြီဖြစ်ကြောင်း နိုင်ငံပိုင် Global New Light of Myanmar သတင်းစာက ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။ 

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဈေးကွက်အခြေခံသော ရည်ညွှန်းငွေလဲလှယ်နှုန်း ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ လ ၅ ရက်နေ့မှစတင်ထုတ်ပြန်မည်ဖြစ်ပြီး ယင်းမှာ နေ့တစ်နေ့အတွက် အဆိုပါနေ့တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ငွေလဲလှယ်နှုန်းများ မှ ရယူသတ်မှတ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းထုတ်ပြန်သည်။