22
Mon, Jul
546 New Articles

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၂ / ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုမိန့် နှင့် အတည်ပြု မိန့် ရရှိသော လုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅,၇၅၃ ဦး ဖန်တီးပေး နိုင်မည့် လုပ်ငန်း ၉ ခု ပါဝင်ခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

နေပြည်တော်၊ ဇန်န၀ါရီ ၃၀ ရက်(ဆင်ဟွာ)

မသန်စွမ်းများအား အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရာတွင် ပူးပေါင်းပါဝင်ကြဖို့ လို

မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရာတွင် NGO, INGO အဖွဲ့အစည်း အသီးသီးတို့က ပါဝင် ပူးပေါင်း ဆောင်ရွက်ကြဖို့  လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးကယနေ့  နံနက် ပြောကြားခဲ့သည်။

နေပြည်တော်၊ ဇန်န၀ါရီ ၂၈ ရက်(ဆင်ဟွာ)

Invest Myanmar Summit 2019 အား နေပြည်တော် MICC II တွင် ယနေ့  စတင် ကျင်းပရာ အစည်းအဝေး ဖွင့် ပွဲသို့  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အဖွင့် အမှာစကား ပြောကြားခဲ့သည်။

 

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

တည်ဆဲကုမ္ပဏီများနှင့် အဖွဲ့အစည်းများ ပြန်လည်မှတ်ပုံတင်ရန်ကာလ ကုန်ဆုံးရန် ၉ ရက်သာ ကျန်ရှိပါသဖြင့် သတ်မှတ်ချိန်အတွင်း ပြန်လည်မှတ်ပုံတင်နိုင်ရန် ထပ်မံတိုက်တွန်းနှိုးဆော်ချက်အား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအား အမေရိကန်ဒေါ်လာ ၈,၁၄၃ သန်း ဆောင်ရွက်နိုင်ခဲ့ရာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁၂၆ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

၂၀၁၉-၂၀၂၀ ခု၊ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ပြည်သူ့အခြေပြု ဘတ်ဂျက် (Participatory Budget) ညှိနှိုင်းရေးဆွဲပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဇန်နဝါရီလ ၁၅ ရက်နေ့ က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ နှင့် စီးပွားရေးလုပ်ငန်းရှင်များ (၂၂)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ လုပ်ငန်းရှင်များ၏အခက်အခဲ အကြံပြု တင်ပြချက်အားလုံးကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ် မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြား ပေးခဲ့ပြီး ဖြစ်ကြောင်း   သိရသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၁ ရက်(ဆင်ဟွာ)

၅၆ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက် အထိ နေပြည်တော်ရှိ မဏိ ရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဗဟို ကော်မတီမှ ဇန်န၀ါရီ ၁၀ ရက်စွဲဖြင့် ကြေညာခဲ့သည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ နှင့် အညီ ရန်ကုန် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ၃ ခုအား ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၁၉) ကြိမ်မြောက် အစည်း အဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက်တွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ပြုလုပ်ခဲ့သည်။