23
Thu, Nov
623 New Articles

တရုတ်နိုင်ငံအရှေ့ ပိုင်း ရေလှောင်တာတမံ တစ်ခုထဲ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် တစ်ဆူပေါ်ထွက်လာ

တရုတ်နိုင်ငံ၌ ရေအောက်မှ ပေါ်ထွက်လာသော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၏ ဦးခေါင်းတော်အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) Culture & Entertainment

နန်ချန်း ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ ပိုင်း Jiangxi ပြည်နယ် ရှိ ရွာတစ်ရွာတွင် ရေလှောင်တာတမံတစ်ခုအတွင်းမှ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၏ ဦးခေါင်းတော် ပေါ်ထွက်လာသည်ကို ရွာသားများက တွေ့ မြင်ခဲ့ပြီးနောက် ရှေးဟောင်းသုတေသနပညာရှင်များသည် မြေအောက်ရေစစ်ဆေးခြင်းလုပ်ငန်းကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓဦးခေါင်းတော်သည် နန်ချန်း(Nancheng)စီရင်စု ၊ Fuzhou မြို့ ရှိ Hongmen ရေလှောင်တာတမံထဲမှ ရေမျက်နှာပြင် နိုမ့်ကျသွားစဉ် ပေါ်တွက်လာခဲ့ခြင်းဖြစ်ကြောင်း ၊ ၄င်းရေလှောင်တာတမံသည် ပြီးခဲ့သော နှစ်ကုန်ပိုင်းက ရေအားလျှပ်စစ်စွမ်းအင်အတွက် အသုံးပြုနေသည့် ဂိတ်ဝပြန်လည်ပြုပြင်စဉ် ရေလျော့နည်းလာပြီး ရေမျက်နှာပြင်သည်လည်း ၁ဝ မီတာကျော် နိုမ့်ကျသွားခဲ့ကြောင်း သိရသည်။

ဗုဒ္ဓရုပ်ပွား၏ ဦးခေါင်းတော် ပုံသဏ္ဍာန်မှာ မင်ခေတ် ( 1368 – 1644 ) ခုနှစ်အတွင်း ထုလုပ်ခဲ့သော လက်ရာဖြစ်နိုင်ကြောင်း ရှေးဟောင်းသုသေတနသိပ္ပံ အကြီးအကဲ Xu Changqing က ဆိုသည်။

၎င်းရေလှောင်ကန်ထဲ၏ ကျောက်ကမ်းပါး ပေါ်တွင် စတုရန်းပုံ ကျင်းပေါက်များ ရှင်းရှင်းလင်းလင်း ထည့်သွင်းတည်ဆောက်သည့် ဗိသုကာလက်ရာကိုလည်း သုတေသီများက ရှာဖွေတွေ့ ရှိခဲ့ပြီး ၄င်းကမ်းပါး နံရံပေါ်တွင် ဘုရားကျောင်းတည်ဆောက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ၄င်းက ဆိုသည်။

အသံလိုင်းသုံးထောက်လှမ်းရေးကိရိယာ နှင့် အခြား ပစ္စည်းကိရိယာများကို အသုံးပြု၍ ရေလှောင်ကန်၏ အောက်ခြေပုံရိပ်များရရှိရန် နှင့် အခြေခံအချက်အလက်များကို ရရှိရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

၁၉၅၈ ခုနှစ်တွင် တည်ဆောက်ခဲ့သော Hongmen ရေလှောင်တာတမံကို Zuixian ရေကန်ဟူ၍လည်း ခေါ်ဆိုကြသည်။Nancheng နှင့် Lichuan စီရင်စုနှစ်ခုကြားရှိ အဆိုပါ ရေလှောင်တာတမံသည် ရေကုဗမီတာ ပေါင်း ၁.၂ ဘီလီယံ သိုလှောင်နိုင်ကြောင်း သိရသည်။

နန်ချန်းစီရင်စုမှတ်တမ်းများအရ ရေလှောင်တာတမံသည် Xiaoshi ရှေးဟောင်းမြို့ ပျက်တွင် တည်ရှိပြီး Jiangxi နှင့် Fujian ပြည်နယ်ကြား ရေလမ်းခရီးပို့ ဆောင်ရေး အတွက် အလွန်အရေးပါကြောင်း နှင့် ကုန်သွယ်ရေးဗဟိုဌာန တစ်ခုဖြစ်ကြောင်း သိရသည်။

မြေအောက်ရေ စစ်ဆေးခြင်းစီမံကိန်းကို အမျိုးသားယဉ်ကျေးမှုအမွေအနှစ်စီမံခန့် ခွဲမှုအဖွဲ့ က ဦးဆောင်ပြီး ဇန်နဝါရီလ ၅ ရက် မှဇန်နဝါရီလ ၁၄ ရက်ထိ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)