17
Tue, Jan
667 New Articles

ဘန်း ၊ ဇန်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဆွစ်ဇာလန် နိုင်ငံ ဗန်းမြို့တွင် ကျင်းပ သည့် ဆွစ်ဇာလန် ဖက်ဒရယ် ကောင်စီ၏ ဧည်ခံ ကြိုဆိုပွဲ သို့ တက်ရောက် မိန့်ခွန်းပြောကြား ခဲ့သည်။

ဇူးရစ် ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဆွစ်ဇာလန် နိုင်ငံ ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် အဖြစ် ဇန်နဝါရီလ ၁၅ ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီ ၄၀ မိနစ် တွင် အထူး လေယာဉ်ဖြင့် ဇူးရစ် မြို့ကို ရောက်ရှိလာခဲ့သည်။

ပေကျင်း ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး Peng Liyuan တို့ သည် ဆွစ်ဇာလန်နိုင်ငံသို့ လေးရက်ကြာချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့ ( ဇန်နဝါရီလ ၁၅ ရက်)တွင် တရုတ်နိုင်ငံပေကျင်းမြို့ မှ စတင်ထွက်ခွာသွားကြောင်း သိရသည်။ 

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆွစ်ဇာလန်နိုင်ငံ ဖက်ဒရယ် ကောင်စီ၏ ဖိတ်ကြားချက်ဖြင့် ဇန်နဝါရီလ ၁၅ ရက်မှ ၁၈ ရက်အတွင်း ဆွစ်ဇာလန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၁၀ ရက်က ကြေညာလိုက်သည်။

ပေကျင်း ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇန်နဝါရီလ ၉ ရက်နေ့တွင် တောင့်ယွီထိုင် (Diao Yu Tai ) နိုင်ငံတော် ဧည့်ဂေဟာ တွင် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီ (Robert Mugabe) အား လက်ခံ တွေ့ဆုံ ခဲ့ပါသည်။

ပေကျင်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပြီးခဲ့သော နှစ်သစ်ကူးညက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ရှိ နိုက်ကလပ်တစ်ခုတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ် မှုကြောင့် အနည်းဆုံးလူ ၃၉ ဦးထက်မနည်း သေဆုံးခဲ့ရခြင်း အပေါ် ဝမ်းနည်ကြေကွဲကြောင်း တူရကီနိုင်ငံသမ္မတ Recep Tayyip Erdogan ထံ ဇန်နဝါရီလ ၂ ရက်က သဝဏ်လွှာတစ်စောင်ပေးပို့ ခဲ့သည်။

ပေကျင်း ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

ကမ္ဘာကြီး တစ်ခုလုံး ပိုမို ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ တရုတ် နိုင်ငံ အပြည်ပြည်ဆိုင်ရာ ရေဒီယို လိုင်း ၊ ဗဟိုပြည်သူ့ရေဒီယို လိုင်း ၊ CCTV ၊ တရုတ် အပြည်ပြည်ဆိုင်ရာ ရုပ်သံလိုင်း (CGTV) နှင့် အင်တာနက်လိုင်းများ ပေါ်မှတစ်ဆင့် ၂၀၁၇ ခုနှစ် အတွက် နှစ်သစ် ဆုမွန်တောင်း စကား ကို ဒီဇင်ဘာလ ၃၁ ရက်နေ ဒေသစံတော်ချိန့် ည ၇ နာရီအချိန်တွင်ပြောကြား ခဲ့သည်။

ပေကျင်း ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူးမှ အနားယူတော့မည့် မစ္စတာဘန်ကီမွန်းထံ အတွင်းရေးမှူးချုပ်အဖြစ် ၁ဝ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း တရုတ်-ကုလသမဂ္ဂ နှစ်ဖက်ဆက်ဆံရေးတိုးတက်ခိုင်မာစေရေး ၊ ကမ္ဘာ့ တည်ငြိမ်အေးချမ်းရေး ၊ ဖွံ့ ဖြိုးတိုးတက်ရေး နှင့် အကျိုးတရားများစွာ ရရှိစေရေးတို့ အတွက် ၄င်း၏ ပါဝင်လုပ်ဆောင်ချက်များအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဒီဇင်ဘာလ ၂၆ ရက်က တယ်လီဖုန်းဖြင့် ချီးကျူးစကားဆိုခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ ဒီဇင်ဘာ ၂ဝ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Andrei Karlov သည် တူရကီနိုင်ငံ အန်ကာရာမြို့ ၌ ဒီဇင်ဘာလ ၁၉ ရက်က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရသည့်အပေါ် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ထံ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက ဒီဇင်ဘာလ ၂ဝ ရက်တွင် ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင်ပေးပို့ ခဲ့ကြောင်း သိရသည်။