22
Mon, Apr
602 New Articles

တရုတ်သမ္မတရှီကျင့်ဖိန်သည် အီတလီ ၊ မိုနာကို နှင့် ပြင်သစ်နိုင်ငံများသို့ အလည်အပတ်ခရီး သွားရောက်ရန်ရှိ

၂ဝ၁၄ ခုနှစ် မတ် ၂၄ ရက်က နယ်သာလန်နိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိလာသော တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် အားတွေ့ ရစဉ်(ဆင်ဟွာ) Politics, Law & Military

ပေကျင်း ၊ မတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် မတ် ၂၁ ရက် မှ ၂၆ ရက် အထိ အီတလီနိုင်ငံ ၊ မိုနာကိုနိုင်ငံ နှင့် ပြင်သစ်နိုင်ငံများသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က ယနေ့ မတ် ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

သမ္မတရှီသည် အီတလီနိုင်ငံသမ္မတ Sergio Mattarella ၊ မိုနာကိုနိုင်ငံအကြီးအကဲ Albert II နှင့် ပြင်သစ်နိုင်ငံသမ္မတ Emmanuel Macron တို့ ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း လုခန်က ဆိုသည်။(Xinhua)