25
Tue, Jun
549 New Articles

အာရှခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ် သမ္မတ ရှီကျင့်ဖိန် အဆိုပြု

အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အခြားနိုင်ငံများနှင့်အတူ အာရှခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်တစ်ခု အကောင်အထည်ဖော်ရန် ဆန္ဒရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က မေလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

သမ္မတ ရှီက ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ပြည်ပခရီးသွားဧည့်သည် သန်း ၁၄၀ ရှိပြီး ပြည်ပနိုင်ငံများသို့ သွားရောက်လည်ပတ်သည့် တရုတ်နိုင်ငံသား ခရီးသွားအရေအတွက်မှာ သန်း ၁၆၀ ကျော်ရှိခဲ့ကြောင်း၊ ၎င်းတို့က “တရုတ်နှင့် ပြည်ပ ယဉ်ကျေးမှုအဖွဲ့အစည်းများအကြား ဖလှယ်မှုများနှင့် အပြန်အလှန် လေ့လာမှုများ မြှင့်တင်ခြင်းအတွက် အရေးပါသော တွန်းအားများ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီသည် အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ ဖွင့်ပွဲအခမ်းအနား မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)