တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး Stef Blok တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ၀မ်ရိနှင့် နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Stef Blokတို့ ဇွန် ၁၉ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Stef Blokနှင့် ဇွန် ၁၉ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံနှင့် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ၌ နယ်သာလန်နိုင်ငံသည် ဥရောပတိုက်နိုင်ငံများ၏ ရှေ့ဆောင်နေရာမှာတည်ရှိကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် နယ်သာလန်နိုင်ငံနှင့်အတူ အဆင့်မြင့်အရာရှိဆက်ဆံရေးကို နီးနီးကပ်ကပ်ဆောင်ရွက်သွားကာ အရည်အသွေးမြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းကို အတူ တွန်းအားပေး တည်ဆောက်သွားလိုကြောင်း ၊ G20 စသည့် ဘက်စုံ ချိတ်ဆက်ဆောင်ရွက်မှုများတွင် ညှိနှိုင်းဆွေးနွေးမှုများကို တိုးမြှင့်လုပ်ဆောင်သွားကာ ပွင့်လင်းသည့်လက်တွေ့ကျသည့်ဘက်စုံမိတ်ဖက်ဆက်ဆံရေးကို အောင်မြင်မှုသစ်များ ရရှိစေရန် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Stef Blokကလည်း နယ်သာလန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပွင့်လင်း၍လွတ်လပ်သော ကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းကာ နှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းမှုကို အကောင်အထည်ဖော်ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ်နိုင်ငံအပါအဝင် နိုင်ငံအသီးသီး၏ လုပ်ငန်းများအတွက် တရားမျှတစွာ ယှဉ်တွဲဆောင်ရွက်နိုင်မည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)