16
Mon, Dec
501 New Articles

တရုတ် နိုင်ငံ သမ္မတ နှင့် တောင်ကိုရီးယား နိုင်ငံ သမ္မတ ဂျပန် နိုင်ငံ အိုဆာကာ တွင် တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင် ဇွန်လ ၂၇ ရက် ၌ တွေ့ဆုံစဉ်(ဆင်ဟွာ) Politics, Law & Military

အိုဆာကာ ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဇွန်လ ၂၇ ရက် တွင် ဂျပန် နိုင်ငံ အိုဆာကာ မြို့ ၌ တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင် နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်-တောင်ကိုရီးယား ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု အား တိုးမြှင့်ဆောင်ရွက်ခြင်း သည် ခေတ်ကာလ အခြေအနေ နှင့် ကိုက်ညီပြီး နှစ်နိုင်ငံ ပြည်သူလူထု တို့၏ ဆန္ဒလည်း ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တောင်ကိုရီးယား နိုင်ငံ နှင့် အတူတကွ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှု ကို အကောင်အထည် ဖော်သွားပြီး နှစ်နိုင်ငံ ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်ကာ ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်ပေးသွားလိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ရပ်ဝန်း နှင့် ပိုးလမ်းမ အတူတကွ တည်ဆောက်ရေး အခွင့်အလမ်း ကို ဆုပ်ကိုင် ပြီး တရုတ်-တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ဒုတိယ အဆင့် ဆွေးနွေးမှု ကို တိုးမြှင့်ဆောင်ရွက်ကာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားရမည် ဖြစ်ကြောင်း ၊ တရုတ်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု သည် နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ဆောင်ရွက်မှု ဖြစ်ပြီး ပြင်ပဖိအားပေးမှုကြောင့် သက်ရောက်မှုများ မရှိသင့်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒ (Protectionism) ကို အတူတကွ ဆန့်ကျင်သွားပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ နှင့် လွတ်လပ်စွာ ကုန်သွယ်မှု စည်းစနစ် ကို ထောက်ခံအားပေးသွား ကာ တံခါးဖွင့်သည့် ကမ္ဘာ့စီးပွားရေး ပုံစံ ကို တည်ဆောက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ နှင့် တောင်ကိုရီးယား နိုင်ငံ သမ္မတ ဂျပန် နိုင်ငံ အိုဆာကာ တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်စဉ်(ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင် က မိမိ နှင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တို့၏ ဦးဆောင်မှု အောက်တွင် နှစ်နိုင်ငံ ဆက်ဆံရေး က အားရဖွယ် ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း ၊ တောင်ကိုရီးယား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ဆက်ဆံမှု တိုးချဲ့သွားလိုပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့ကာ တောင်ကိုရီးယား-တရုတ် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ကို အမြန်ဆုံး အကောင်အထည် ဖော်သွားလိုကြောင်း ၊ တောင်ကိုရီးယား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ရပ်ဝန်း နှင့် ပိုးလမ်းမ အား အတူတကွ တည်ဆောက်သွားလိုပြီး တရုတ် နိုင်ငံ နှင့် အတူ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ နှင့် လွတ်လပ်စွာ ကုန်သွယ်မှု စည်းစနစ် ကို ထောက်ခံအားပေးသွား လိုကြောင်း ပြောကြား ခဲ့သည်။

တရုတ်-တောင်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင် တို့က ကိုရီးယား ကျွန်းဆွယ် အခြေအနေ နှင့် ပတ်သက်၍ သဘောထားအမြင်များ ဖလှယ်ခဲ့ကြပြီး တရုတ် နိုင်ငံ သမ္မတ က ကိုရီးယား ကျွန်းဆွယ် အရေး ဖြေရှင်းမှု နည်းလမ်းနှင့် ပတ်သက်၍ သဘောထားအမြင် ကို ပြောကြား ခဲ့ကာ တောင်ကိုရီးယား သမ္မတ က တရုတ် နိုင်ငံ ၏ ကိုးရီးယား ကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်မှုများ အပေါ် ချီးမွမ်းကြောင်း ပြောကြား ခဲ့သည်။(Xinhua)