တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေး ၊ ဟောင်ကောင်အရေးတွင် ပြင်ပဝင်ရောက်စွက်ဖက်မှုကို လက်ခံမည် မဟုတ်

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယ ကြိမ်မြောက် အစည်းအဝေး မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ) Politics, Law & Military

ပေကျင်း ၊ မေ ၂၅ ရက်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) နှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းရန် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို တရုတ်နိုင်ငံ ဥပဒေပြုအမတ်များက လုပ်ဆောင်နေစဉ်အတွင်း မိုက်ပွန်ပီယို နှင့် နန်စီပလိုစီကဲ့သို့သော အချို့သော ပြည်ပနိုင်ငံရေးသမားများသည် ဝင်ရောက်စွက်ဖက်မှု ပြုလုပ်ရန် မစောင့်ဆိုင်းနိုင်အောင် ဖြစ်နေကြသည်။

ဟောင်ကောင်အရေးသည် တရုတ်နိုင်ငံ၏ လုံးဝဥဿုံပြည်တွင်းရေး ဖြစ်ပြီး ၎င်းတို့အနေဖြင့် ရူးမိုက်သော အမူအကျင့်များအတိုင်း ဝင်ရောက်စွက်ဖက်ရန်အတွက် ပြင်ပအင်အားစုများကို မြှောက်ထိုးပင့်ကော်လုပ်ဆောင်ခဲ့ကြသည်။

 “ဟောင်ကောင်လွတ်လပ်ရေး” ဟူ၍ ခေါင်းစဉ်တပ်နေကြသည့် အစွန်းရောက်အဖွဲ့အစည်းများဖြစ်သော  ပြင်ပအင်းအားစုများကို အားပေးအားပေမြှောက်ပြုလုပ်ပြီး အဆိုပါ အစွန်းရောက် ခွဲထွက်ရေးဝါဒီများက ယခုအခါ ရုပ်သိမ်းထားပြီးဖြစ်သော ၂၀၁၉ ခုနှစ်က အစိုးရဥပဒေပြင်ဆင်ချက်များကို အကြောင်းပြုကာ ထိုစဉ်ကတည်းက အကြမ်းဖက်မှုလှုပ်ရှားမှုများကို ကျူးလွန်လာခဲ့ကြခြင်းဖြစ်သည်။

ဗရမ်းဗတာအကြမ်းဖက်မှုသည် တရုတ်နိုင်ငံ၏ နိုင်ငံတော်အချုပ်အခြာအာဏာ ၊ စည်းလုံးညီညွတ်မှု နှင့် ပိုင်နက်နယ်မြေစိုးမိုးမှုကို အင်အားချိနဲ့အောင်လုပ်ဆောင်ခြင်းပင် ဖြစ်သည်။မည်သည့်နိုင်ငံကမျှ ၎င်းတို့၏ အမျိုးသားလုံခြုံရေး အင်အားလျော့နည်းအောင် လုပ်ဆောင်ခြင်းကို မျက်စိပိတ်၍ လက်ခံနိုင်မည်မဟုတ်ပေ။ ဥပမာ- အမေရိကန်နိုင်ငံအနေဖြင့် အမျိုးသားလုံခြုံရေးရှုထောင့်အရ ၎င်းတို့၏ မြို့များ အထိန်းအကွပ်မဲ့နေသည်ကို ခွင့်ပြုထားရန် သို့မဟုတ် ၎င်းတို့၏ ပြည်တွင်းရေးကို နိုင်ငံခြားရန်လိုမှုဖြင့် အတင်းအကျပ်ဝင်ရောက်စွက်ဖက်ခြင်းကို သီးခံသွားရန်မှာ မျှော်တွေးကြည့်ရန်ပင် ခက်ခဲလွန်းလှပါသည်။

 အမှန်စင်စစ် အမေရိကန် နှင့် ဗြိတိန်ကဲ့သို့သော နိုင်ငံခြားတိုင်းပြည်များသည် အမျိုးသားလုံခြုံရေးအကြောင်းကို ပို၍ သိရှိနားလည်ခြင်းနှင့်အတူ ယင်းတို့တွင် မရှိမဖြစ် ဥပဒေပြဌာန်းချက်များ အသီးသီး ရှိကြသည်။တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာစဉ်ကတည်းက ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးဉပဒေပြဌာန်းရန် ပုံမှန်မဟုတ်သော ပျက်ကွက်မှုတစ်ခု ဖြစ်ခဲ့ရပြီး အချို့သော ပြည်ပနိုင်ငံရေးသမားများက ဟောင်ကောင်သည် ယင်းအတိုင်းတာ နေထိုင်သွားသင့်ကြောင်း တောင်းဆိုခဲ့ကြသည်။

၎င်းတို့သည် ကမ္ဘာလုံးဆိုင်ရာ လက်တွေ့ကျမှုကို လျစ်လျူရှုရန် ရွေးချယ်ခဲ့ကြပြီး အမျိုးသားလုံခြုံရေးဥပဒေများကို နိုင်ငံတော်ဥပဒေပြုရေးအာဏာတစ်ခုအတွင်း လွတ်ကျသွားစေရန် နှင့် ဒီမိုကရေစီရေး ၊ လွတ်လပ်ရေး နှင့် လူ့အခွင့်အရေး ပုံဖော်မှုအောက်တွင် ဥပဒေကြမ်းဆုံးဖြတ်ချက်ကို ပုံပျက်အောင်  လုပ်ဆောင်ခဲ့ကြသည်။

သို့သော် နောက်ဆုံးတွင် ၎င်းတို့သည် အမှန်တကယ် အကျိုးစီးပွားများကိုသာ ကြည့်ခဲ့ကြပြီး  ဟောင်ကောင်ဒေသခံများ၏ ကောင်းမွန်သောဘဝ နေထိုင်မှုမှာမူ အကြမ်းဖက်လှုပ်ရှားမှုဒဏ်ကို  အဆိုးရွားဆုံးခံစားရတော့သည်။အချို့သော အနောက်တိုင်း နိုင်ငံရေးသမားများ၏ အယူအဆဖြစ်သော  “ ဒီမိုကရေစီရေး ၊ လွတ်လပ်ရေး နဲ့ လူ့အခွင့်အရေး” သုံးကာ အကြမ်းဖက်ဆန္ဒပြခဲ့ကြသူများအနေဖြင့် အထွေထွေတောင်းဆိုမှုထက်  ကာကွယ်ထိန်းသိမ်းမှု ပြုလုပ်ခြင်းက ပို၍ ကောင်းမွန် ထိုက်တန်ပေမည်။

ပြည်ပရှိ တရုတ်ဆန့်ကျင်ရေးနိုင်ငံရေးသမားများအနေဖြင့် ၎င်းတို့၏ အတွေးထဲ အမှန်တကယ် ထည့်ထားသင့်သည်မှာ ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ ဒေသဆိုင်ရာစီမံအုပ်ချုပ်မှု နယ်မြေဒေသတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ဟောင်ကောင် အရေးကိစ္စရပ်များကို မည်သည့်ဝင်ရောက်စွက်ဖက်မှုမဆို ကျဆုံးမှုဖြင့်သာ အဆုံးသတ်သွားရမည်ဖြစ်သည်ဆိုသည့် အချက်ပင်ဖြစ်သည်။(Xinhua)