ကွမ်ကျိုး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ WeRide ကုမ္ပဏီက ၎င်းတို့၏ မောင်းသူမဲ့မော်တော်ယာဉ်များအား နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ရှိ အများပြည်သူသုံးလမ်းမများပေါ်တွင် စမ်းသပ်မောင်းနှင်ရန် အစိုးရ၏ခွင့်ပြုချက် ရရှိပြီဖြစ်ကြောင်း ဇူလိုင် ၁၀ ရက်က ကြေညာခဲ့သည်။

ရှီးချန်း ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက APSTAR-6D အမည်ပေးထားသော စီးပွားဖြစ် ဆက်သွယ်ရေး ဂြိုဟ်တုအသစ်တစ်စင်းကို  နိုင်ငံ အနောက်တောင်ပိုင်းရှိ ရှီးချန်း ဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ သတ်မှတ်ဂြိုလ်ပတ်လမ်းအတွင်းသို့ ဇူလိုင် ၉ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အသစ်လွှတ်တင်လိုက်သော ရုပ်ထွက်မြင့်မားသည့် ဘက်စုံပုံရိပ်ဖတ်ဂြိုဟ်တုထံမှ အချက်အလက်များကို အောင်မြင်စွာ လက်ခံရရှိခဲ့ကြောင်း တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ (CAS) က ဇူလိုင် ၇ ရက်တွင် ပြောကြားလိုက်သည်။ 

ကျိုချွမ်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျိုချွမ်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Shiyan-6 စီးရီး ဒုတိယမြောက်ဂြိုဟ်တုကို  Long March-2Dဒုံးပျံတွင် တင်ဆောင်၍  သတ်မှတ် ဂြိုဟ်ပတ်လမ်းကြောင်းသို့ရောက်အောင်  ဇူလိုင် ၅ ရက် နံနက် ၇ နာရီ ၄၄ မိနစ်တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်းသိရသည်။ 

တရုတ်နိုင်ငံ ကျိုချွမ်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Shiyan-6 စီးရီး ဒုတိယမြောက်ဂြိုဟ်တုအား ဇူလိုင် ၅ ရက် နံနက်ပိုင်းက လွှတ်တင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကျိုချွမ်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Shiyan-6 စီးရီး ဒုတိယမြောက်ဂြိုဟ်တုအား ဇူလိုင် ၅ ရက် နံနက်ပိုင်းက လွှတ်တင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကျိုချွမ်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Shiyan-6 စီးရီး ဒုတိယမြောက်ဂြိုဟ်တုအား ဇူလိုင် ၅ ရက် နံနက်ပိုင်းက လွှတ်တင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကျိုချွမ်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Shiyan-6 စီးရီး ဒုတိယမြောက်ဂြိုဟ်တုအား ဇူလိုင် ၅ ရက် နံနက်ပိုင်းက လွှတ်တင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါလွှတ်တင်လိုက်သော ဂြိုဟ်တုသည် အာကာသ သဘာဝပတ်ဝန်းကျင်လေ့လာရေးနှင့် သက်ဆိုင်ရာနည်းပညာ စမ်းသပ်ရန်အတွက်ဖြစ်ကြောင်း သိရသည်။ယခုဂြိုဟ်တုလွှတ်တင်မှုသည်  Long March-2Dဒုံးပျံ၏ ၃၃၈ ကြိမ်မြောက် ဂြိုဟ်တုလွှတ်တင်ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

ပေကျင်း ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားနေလင့်ကစား နိုင်ငံ၏ အင်တာနက် နှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ယခုနှစ် ပထမ ငါးလတွင် အမြတ်ငွေရရှိမှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။

ရှန်ဟိုင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

အလီဘာဘာအုပ်စုက ဂျာမန်ကားထုတ်လုပ်သူ BMW နှင့်အတူ တရုတ်နိုင်ငံ အင်တာနက်နှင့် မော်တော်ကားလုပ်ငန်းများအတွက် ရှန်ဟိုင်းမြို့တွင် တီထွင်ဆန်းသစ်မှုအဆောက်အအုံကို ပူးတွဲထူထောင်ရန် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတစ်ခုကို ဇူလိုင် ၃ ရက်က တည်ထောင်လိုက်ကြောင်း သိရသည်။ 

ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဓာတ်အားလိုင်းကော်ပိုရေးရှင်းက ဆင်းရဲနွမ်းပါးမှုမြင့်မားသော ဒေသများတွင်  လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းမှာ ပြီးစီးသွားပြီဖြစ်ကြောင်း ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။ 

ထိုက်ယွမ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ရုပ်ထွက်မြင့်မားသော ဘက်စုံစနစ်ပုံရိပ်ဖတ်ဂြိုဟ်တုတစ်စင်းကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇူလိုင် ၃ ရက်က အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။ 

ဝူးလူမုချီ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ထုတ်လုပ်သော C919 ခရီးသည်တင်လေယာဉ်ကြီးအား နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂေါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထူလူဖန်းမြို့အတွင်း မြင့်မားသောအပူချိန်တွင် စမ်းသပ်ပျံသန်းမှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။