23
Fri, Aug
523 New Articles

တရုတ်နိုင်ငံက တစ်နာရီလျှင် ၆၀၀ ကီလိုမီတာအမြန်နှုန်းရှိသော သံလိုက်စွမ်းအင်သုံးရထား ရှေ့ပြေးပုံစံ ပွဲထုတ်

တစ်နာရီလျှင် ၆၀၀ ကီလိုမီတာ အမြန်နှုန်းရှိသော သံလိုက်စွမ်းအင်သုံးရထား ရှေ့ပြေးပုံစံအား တွေ့ရစဉ် (ဆင်ဟွာ) Science & Technology

ချင်းသောင်၊ မေ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက တစ်နာရီလျှင် ၆၀၀ ကီလိုမီတာ အမြန်နှုန်းရှိသော သံလိုက်စွမ်းအင်သုံးရထား ရှေ့ပြေးပုံစံတစ်ခု ထုတ်လုပ်မှုစနစ်အား ချင်းသောင်မြို့တွင် မေလ ၂၃ ရက်က ပွဲထုတ်ပြသလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ပထမဆုံး မြန်နှုန်းမြင့် သံလိုက်စွမ်းအင်သုံးရထား ရှေ့ပြေးပုံစံစမ်းသပ်မှု ထုတ်ဖော်ပြသခြင်းသည် မြန်နှုန်းမြင့် သံလိုက်စွမ်းအင်သုံး အကူးအပြောင်းစနစ်တွင် နိုင်ငံအတွက် အဓိက ထိုးဖောက်မှုတစ်ခု ဖြစ်သည်။ 

တစ်နာရီလျှင် ၆၀၀ ကီလိုမီတာ အမြန်နှုန်းရှိသော သံလိုက်စွမ်းအင်သုံးရထား ရှေ့ပြေးပုံစံအား တွေ့ရစဉ် (ဆင်ဟွာ)

တစ်နာရီလျှင် ၆၀၀ ကီလိုမီတာ အမြန်နှုန်းရှိသော သံလိုက်စွမ်းအင်သုံးရထား ရှေ့ပြေးပုံစံစမ်းသပ်မှုအား လာရောက်လေ့လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

“အခုအခါ ဒီရှေ့ပြေးပုံစံက တည်ငြိမ်တဲ့ရွေ့လျားမှုရရှိခဲ့ပြီး ကောင်းမွန်တဲ့အခြေအနေမှာရှိပါတယ်” ဟု အဆိုပါ ရထားအား တည်ဆောက်သူ CRRC Qingdao Sifang ကုမ္ပဏီ၏ ရထားသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် ဒုတိယအင်ဂျင်နီယာချုပ် Ding Sansan က ပြောခဲ့သည်။

ရထားတွဲငါးတွဲပါဝင်သော အင်ဂျင်နီယားရင်း ရှေ့ပြေးပုံစံ ရထား၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုများက အခက်အခဲမရှိကြောင်း၊ ထိုရထားအား ၂၀၂၀ ခုနှစ်တွင် ထုတ်လုပ်မှုလုပ်ဆောင်ရန်နှင့် ၂၀၂၁ ခုနှစ်တွင် ဘက်စုံစမ်းသပ်မှုများမှတစ်ဆင့် စိစစ်မှုများ ပြီးစီးရန် လျာထားကြောင်း သိရသည်။ (Xinhua)