17
Mon, Feb
411 New Articles

တရုတ်နိုင်ငံမှ BeiDou ဂြိုဟ်တုအသစ် ၂ လုံးလွှတ်တင်

BeiDou တည်နေရာပြဂြိုဟ်တုစနစ်ပါ ဂြိုဟ်တုနှစ်လုံးကို တင်ဆောင်ထားသော Long March-3A သယ်ဆောင်ရေးဒုံးပျံကို ဒီဇင်ဘာ ၁၆ ရက်က ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှတစ်ဆင့် လွှတ်တင်နေစဉ် (ဆင်ဟွာ) Science & Technology

ရှီးချန်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS) ပါဝင်သော ဂြိုဟ်တုနှစ်လုံးကို စီချွမ်ပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်စင်တာမှ အာကာသသို့ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၃:၂၂ နာရီက လွှတ်တင်ခဲ့ကြောင်း သိရသည်။

BDS-3 ၏ အလတ်စားကမ္ဘာပတ်ဂြိုဟ်တု (MEO) ၂၄ လုံးကို အာကာသအတွင်းသို့ အောင်မြင်စွာ လွှတ်တင်ခဲ့ပြီးဖြစ်ကာ BDS-3 ဂြိုဟ်တုအစုအဝေးစနစ် ဗဟိုချက်ဖြန့်ထားမှု ပြီးစီးသွားခဲ့ပြီဖြစ်ကြောင်း BDS ဒီဇိုင်နာချုပ် ယန်ချန်းဖုန်းက ပြောခဲ့သည်။“အခုဆိုရင် BDS က ကမ္ဘာ့ဝန်ဆောင်မှုအတွက် အပြည့်အဝစွမ်းဆောင်ရည်ရှိနေပါပြီ။ ကမ္ဘာလုံးဆိုင်ရာ အသုံးပြုသူများအတွက် ကောင်းမွန်သော တည်နေရာပြဝန်ဆောင်မှု ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း ယန်က ဆိုသည်။

BeiDou တည်နေရာပြဂြိုဟ်တုစနစ်ပါ ဂြိုဟ်တုနှစ်လုံးကို တင်ဆောင်ထားသော Long March-3A သယ်ဆောင်ရေးဒုံးပျံကို ဒီဇင်ဘာ ၁၆ ရက်က ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှတစ်ဆင့် လွှတ်တင်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံက ၂၀၀၉ ခုနှစ်တွင် BDS-3 စနစ်ကို စတင်တည်ဆောက်ခဲ့သည်။ တရုတ်နိုင်ငံက ကိုယ်ပိုင်တည်ဆောက်ကာ လုပ်ဆောင်သည့် အဆိုပါ စနစ်တွင် geostationary orbit ဂြိုဟ်တု သုံးလုံး၊ geosynchronous orbit ဂြိုဟ်တု သုံးလုံးနှင့် MEO ဂြိုဟ်တု ၂၄ လုံး ပါဝင်ကြောင်း သိရသည်။ယင်းတို့အနက် MEO ဂြိုဟ်တုများသည် BDS-3 ၏ အဓိကဖြစ်ကြောင်း BDS-3 ဂြိုဟ်တုများ၏ ဒီဇိုင်နာချုပ် ဝမ်ပင်းက ပြောခဲ့သည်။ BDS ဂြိုဟ်တုများကို ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသအတွင်းသို့ လွှတ်တင်ခဲ့ပြီး ဂြိုဟ်တုလွှတ်တင်မှုများအားလုံးလည်း အောင်မြင်ခဲ့ကြောင်း ယင်းစင်တာ၏ လက်ထောက်ညွှန်ကြားရေးမှူး ဝမ်ကျဲမင်က ဆိုသည်။ပထမဆုံး BDS-3 ဂြိုဟ်တုကို ၂၀၁၇ ခုနှစ်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)