12
Tue, Nov
469 New Articles

ရှီချန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ရှီချန်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ Long March-3B ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံ ဖြင့် BeiDou-3 တည်နေရာပြဂြိုဟ်တု ၂လုံးကို အောက်တိုဘာ ၁၅ ရက် နေ့လည် ၁၂း၂၃နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ပဉ္စမအကြိမ်မြောက် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် (WIC) ကို နိုဝင်ဘာလတွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဝူကျန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

ရှီချန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် BeiDou-3 တည်နေရာပြဂြိုဟ်တုသစ် ၂လုံး အား ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ တစ်စင်းတည်းဖြင့် စက်တင်ဘာ ၁၉ ရက်ညနေပိုင်းတွင် အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။

ရှီးကျားကျွမ်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှိ ခရိုင်တစ်ခု တွင် ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း အစိတ်အပိုင်း အစုအဝေး တစ်ခုကို တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက စက်တင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။

ပေကျင်း ၊ သြဂုတ် ၃ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ အွန်လိုင်းကောလာဟလ နှင့် သတင်းမှားများကို ပြည်သူတို့သိရှိအောင် အသိပေးထုတ်ပြန်ပေးမည့် နိုင်ငံအဆင့် အွန်လိုင်းကောလာဟလသတင်းအချက်အလက် စောင့်ကြည့်ရေး စြင်္က ံတစ်ခုကို သြဂုတ် ၂၉ ရက်တွင် ပေကျင်းမြို့၌ တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တီအန်ဂျင်း၊သြဂုတ် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့နှင့် ထျန်ကျင်းမြို့(Tianjin) ကိုပြေးဆွဲပေးနေသည့် ကျည်ဆံရထားမြန်နှုန်းအား တစ်နာရီ ၃၅ဝ ကီလိုမီတာထိ အမြင့်ဆုံး မြန်နှုန်းဖြင့် တိုးမြှင့်ပြေးဆွဲပေးခဲ့ရာ မြို့နှစ်မြို့အကြား ရထားပြေးဆွဲမှုကြာချိန်ကို ၅ မိနစ်ထိ လျှော့ချပေးနိုင်ခဲ့ကြောင်း သိရသည်။

တိုင်ယွမ်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုင်ငံ၏ ရုပ်ထွက်ကောင်းမွန်သည့် ကမ္ဘာမြေလေ့လာစောင့်ကြည့်ရေး စီမံကိန်း၏ တစ်စိတ်တစ်ဒေသ အဖြစ် Gaofen-11 အမည်ရှိ ဂြိုဟ်တုတစ်လုံးအား ဇူလိုင် ၃၁ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

စီချန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သည် Beidou တည်နေရာပြဂြိုဟ်တုသစ်တစ်လုံးအား နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ် စီချန် ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ Long March-3A ဒုံးပျံဖြင့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဇူလိုင် ၁၀ ရက် နံနက် ၄း၅၈နာရီတွင်လွှတ်တင်ခဲ့ကြောင်း သိရသည်။

ရှီးချန်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေး စင်တာ မှ နည်းပညာသစ်စမ်းသပ်မှု ဂြိုဟ်တု ၂လုံးအား Long March-2C ဒုံးပျံဖြင့် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ကျူချွမ်း၊ ဇွန် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် စိုက်ပျိုးရေးဆိုင်ရာ အရင်းအမြစ်များအား သုတေသနပြုလုပ်ရေး နှင့် သဘာဝဘေးအန္တရာယ် စောင့်ကြည့်လေ့လာရေးတို့အတွက် အဓိကထားအသုံးပြုမည့် Gaofen-6 အမည်ရှိ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုသစ်တစ်လုံးအား မေ ၂ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။