17
Tue, Jan
667 New Articles

ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် သည် ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ပိုင်း တွင် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်း ၊ ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင် တို့နှင့် နှစ်နိုင်ငံ ပညာရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ များကို တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ရန်ကုန် တက္ကသိုလ် ရှိ တရုတ် နိုင်ငံ မှ ကျောင်းသား/သူ များ ၊ ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ရှိ တရုတ် နိုင်ငံ မှ ကျောင်းသား/သူ များ ကို သွားရောက် တွေ့ဆုံ့ခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တွင် တရုတ်ရိုးရာဆေးပညာ (TCM) ကုထုံးများ အား အသုံးပြုသည့် ဆေးဝါးနှင့် ကျန်းမာရေး အဖွဲ့အစည်း ၅၀,၀၀၀ ရှိလာကြောင်း တရုတ်နိုင်ငံ ၏ TCM အာဏာပိုင်အဖွဲ့အစည်းကပြောကြားခဲ့သည်။

တရုတ်ရိုးရာဆေးဝါးဆိုင်ရာ နိုင်ငံတော် စီမံခန့်ခွဲရေးဋ္ဌာနက ပြည်တွင်းအဆင့်အနေဖြင့် တရုတ်ရိုးရာဆေးပညာ (TCM) အစီအစဉ်များအား အသုံးပြုသူဦးရေသည် လူဦးရေ၏ ၄၀ရာခိုင်နှုန်းရှိကြောင်းထုတ်ပြန်ခဲ့သည်။

အုပ်ချုပ်ရေးဒါရိုက်တာ Wang Guoqiang က ၂၀၁၆ခုနှစ်၏ ပထမကိုးလအတွင်း တရုတ်ရိုးရာဆေးပညာ (TCM) ကုသမှုများအတွက် ပျမ်းမျှကုန်ကျငွေ နှင့် အများပြည်သူဆိုင်ရာ တရုတ်ရိုးရာဆေးပညာ (TCM)  ဆေးရုံများ၌ လူနာတစ်ဦးချင်းစီအတွက် ကုန်ကျငွေသည် အခြား အများပြည်သူဆိုင်ရာ ဆေးရုံများ၌ ကုသခြင်းထက် ၁၀.၈၂ရာခိုင်နှုန်းနှင့် ၂၃.၅၄ရာခိုင်နှုန်းအသီးသီး လျော့နည်းကြောင်းပြောကြားခဲ့သည်။

Wang က တရုတ်နိုင်ငံ၏ ဆေးကုသမှုအာမခံစနစ်တွင် TCM ကုသမှုပါဝင်၍ ပြည်သူများအနေဖြင့် အကျိုးခံစားခွင့်ရှိကြောင်း ပြောကြားခဲ့သည်။

၎င်းက ရောဂါကာကွယ်ခြင်း၊ ကုသခြင်း နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် တရုတ်ရိုးရာဆေးပညာ (TCM) ၏အခန်းကဏ္ဍကျယ်ပြန့်လာစေရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအရာရှိများက နိုင်ငံအတွင်း တရုတ်ရိုးရာဆေးပညာ (TCM) ၏အခန်းကဏ္ဍပိုမိုကြီးမားလာစေရန် ၎င်းနှင့် ပတ်သက်၍ ၂၀၁၆ခုနှစ် ဒီဇင်ဘာလက ဥပဒေရေးဆွဲခဲ့ကြောင်း သိရသည်။ (Xinhua)

ချန်ဒူ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ မွေးမြူရေးခြံ တစ်ခုတွင် ပန်ဒါ သားပေါက်လေး ၈ ကောင်ဟာ တရုတ် နှစ်သစ်ကူး Lunar New Year အား နှုတ်ဆက်ရန်အတွက် ဇန်နဝါရီလ ၁၁ ရက်က ကိုယ်ဟန်ပြခဲ့ကြသည်။

ရန်ကုန်၊ ဒီဇင်ဘာလ ၃၁ ရက် (ဆင်ဟွာ)

မကြာမီကျရောက်လာတော့မည့် ၂ဝ၁၇ ခုနှစ် နှစ်သစ်အား ကြိုဆိုသည့်အနေဖြင့် တရုတ်နိုင်ငံ ပေကျင်း နှင့် ဟောင်ကောင် တို့တွင် New Year countdown ပွဲတော်များကို ကျင်းပတော့မည်ဖြစ် ပြီး ၄င်း Happy New Year 2017 ပွဲတော်များကျင်းပမည့် မြင်ကွင်းများကို ဆင်ဟွာမြန်မာ မှ စံတော်ချိန် ည ၉နာရီ မိနစ် ၂ဝ အချိန် တွင် အောက်ပါလင့်ခ်မှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်ပါသည်။ (Xinhua)

https://www.youtube.com/watch?v=T11L9BHWY1s

ချန်ဒူ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အသက် ၃၁ နှစ်အရွယ်ရှိပြီ ဖြစ်သော ကမ္ဘာ့ အသက်အကြီးဆုံး ပန်ဒါအထီးလေး ပန်ပန် (Pan Pan) သည် တရုတ်နိုင်ငံ တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ဒီဇင်ဘာလ ၂၈ ရက် နံနက် ၄း၅၀ နာရီက သေဆုံးသွားခဲ့ကြောင်း သိရသည်။

မကာအို၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

မကာအိုတွင် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ပထမဆုံးအကြိမ် ကြက်မှ လူကို ကူးစက်မှုအား တွေ့ရှိခဲ့ကြောင်းနှင့် ကပ်ရောဂါဖြစ်ပွားည်အထိ ကျယ်ပြန့်လာရန်အတွက်မူ အလားအလာ နည်းပါးကြောင်း အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ ကျန်းမာရေး အာဏာပိုင်များက ဒီဇင်ဘာလ ၁၄ ရက်က ပြောကြားလိုက်သည်။

ကွမ်တုံ ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ်တွင် ဒေါက်တာဆွန်ယက်ဆင်၏ နှစ် ၁၅ဝ ပြည့် မွေးနေ့ ကို ပြန်ပြောင်း သတိရသောအားဖြင့် သုံးရက်ကြာကျင်းပသည့် ဆွန်ယက်ဆင် နိုင်ငံတကာပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာလ ၁၄ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက တိုင်ဖွန်းမုန်တိုင်း ဟိုင်မာ ဝင်ရောက်ခဲ့မှုကြောင့် အပျက်အစီးများဖြစ်ပေါ်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားသည့် ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)အဆင့်မြင့် ပညာရေး ဒီဂရီများအား အပြန်အလှန် အသိအမှတ် ပြုခြင်းဆိုင်ရာ သဘောတူညီမှုအား ပြင်သစ်၊ ဂျာမနီ၊ အီတလီ အပါအဝင် အီးယူ ၁၉ နိုင်ငံနှင့် တရုတ်နိုင်ငံက လက်မှတ်ရေးထိုးလိုက်ကြောင်း တရုတ်နိုင်ငံ ပညာရေး ဝန်ကြီးဋ္ဌာနထံမှ သိရသည်။