17
Tue, Jan
667 New Articles

နေပြည်တော်၊ ဇန်န၀ါရီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာ့တိုင်းရင်းဆေး သမားတော်များ၏ (၁၇)ကြိမ်မြောက် ညီလာခံတွင် သမားတော်များ တင်သွင်းမည့် အဆိုပြုချက်များသည် တိုင်းရင်းဆေးလောကအတွက်သာမက  ပြည်သူ တစ်ရပ်လုံးအတွက် အကျိုးရှိသည့် အဆိုပြုချက်များ ဖြစ်သင့်သည်ဟု တိုင်းရင်း ဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရီရီမြင့်က နေပြည်တော် MICC II တွင် ယနေ့ နံနက်ပိုင်း ပြုလုပ်သည့် အဆိုပါ ညီလာခံ နှင့် မြန်မာ့ တိုင်းရင်း ဆေး ပညာရှင်များ နှီးနှော ဖလှယ်ပွဲအတွက် အကြို ညှိနှိုင်း ဆွေးနွေးပွဲတွင် သဘာပတိတစ်ဦးအနေဖြင့် ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇန်န၀ါရီ ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်ခတ်ရပ်စဲရေးစာချုပ်(NCA)၌ လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၈ဖွဲ့ နေပြည်တော်တွင် ရက်ပိုင်းအတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၇ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ တွင်း စုပေါင်း ပြေးဆွဲသည့် စနစ်သစ်ဖြင့် ဘတ်စ်ကားလိုင်းများအား လေ့လာဆန်းစစ်မှုများ အရ ကားအရေအတွက် နှင့် ပြည်သူလူထု မညီမျှ ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ ဇန်န၀ါရီ ၁၇ ရက်တွင် YBS ကားလိုင်းဖြင့် လိုက်ပါ စီးနင်းခဲ့ရာတွင် ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇန်န၀ါရီ ၁၇ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၁၄ ရက် ည ၁၁နာရီတွင် မောင်တောမြို့နယ် ရဲအောင်ချောင်းကျေးရွာနေ ပုဇွန်ကန် လုပ်ငန်းလုပ်သူ ပျောက်ဆုံးနေသော ရာအိမ်မှူးဟောင်းတစ်ဦးကို ပြန်လည်ရှာဖွေတွေ့ရှိပြီး ၎င်းအား အစိုးရ သတင်းပေးဟု စွပ်စွဲကာ နှိပ်စက်ညှင်းပန်းခံထားရခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ၃ ရဲအောင်ချောင်းကျေးရွာနေ ရာအိမ်မှူးဟောင်း တစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၇ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ တွင်း စုပေါင်း ပြေးဆွဲသည့် ဘတ်စကား စနစ်သစ် ဒုတိယနေ့ ဖြစ်သည့် ဇန်န၀ါရီ ၁၇ ရက်တွင် အများပြည်သူ ခရီးသွားလာမှုမှာ ပထမနေ့ ထက် ပိုမို အဆင်ပြေစွာ သွားလာနိုင်ကြကြောင်း ခရီးသွားပြည်သူများနှင့် စေတနာ့ ၀န်ထမ်းများ၏ ပြောဆိုချက်များ အရ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

တညင်းကုန်းသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် နှင့် ပန်းမန်အဆင့်မြင့်လက်ကားဈေးသစ်ကြီး အား Myanmar Agro Exchange Public Limited  (MAEX) မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ နှင့် အကျိုးတူပူးပေါင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း MAEX မှ တာဝန်ရှိသူ ဦးဇော်ဇော်က ဆင်ဟွာကိုပြောသည်။

ရန်ကုန်၊ ဇန်န၀ါရီ ၁၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဖူဟုန် လမ်းသွယ်(၂)ရှိ သုံးထပ်တိုက်၌ ပြောင်းဖူးချွေစက်ဖြင့် ပြောင်းချွေရာမှ အပူချိန်လွန်ကဲပြီး ၀ါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ယူအေအီး နိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း ကျင်းပမည့် အာရှဖလား ၂၀၁၉ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရေး ခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသည့် မြန်မာ့လက်ရွေးစင်အသင်း အပါအဝင် အသင်း (၂၄) သင်းစာရင်းကို အာရှ ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ  ၁၆ ရက် (ဆင်ဟွာ)

နိုင်ငံတကာ နည်းပညာ ကုန်စည်ပြပွဲကို စက်မှုဝန်ကြီးဌာန စက်မှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် Myanmar Promotional Services ( MPS ) Co.,Ltd. တို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက် အထိ ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း Myanmar Promotional Services ( MPS ) Co.,Ltd သတင်းထုတ်ပြန်သည်။