17
Tue, Jan
667 New Articles

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာတစ်လတည်းတွင် နိုင်ငံပေါင်း ၄၅ နိုင်ငံမှ နိုင်ငံခြားသား ၇၅,ဝဝဝ ခန့် ရောက်ရှိဖူးမြော်ကြည်ညိုခဲ့ကြပြီး ထိုင်းနိုင်ငံသားများက အများဆုံးဖြစ်ကြောင်း ၊ အလှူငွေအနေဖြင့် သိန်းပေါင်း ငါးထောင်ကျော် အလှူခံရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် နှင့် ဘီးလင်းမြို့နယ်ရှိ မုတ္တမ ပင်လယ်ကွေ့ ဒေသအား မြန်မာနိုင်ငံ၏ တတိယမြောက် ရေတိမ်ဒေသ အဖြစ် သတ်မှတ်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့ က သဘောတူ လိုက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြ ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

 

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း စီးပွားရေးအရ ရုပ်ရှင်၊ ဗီဒီယိုနှင့် ဓာတ်ပုံရိုက်ကူးခြင်း များအတွက် အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲတွင် ခွင့်ပြုချက် တောင်းခံကာ တရားဝင် ခွင့်ပြုချက် ရရှိမှသာ ရိုက်ကူးကြရမည် ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှ တစ်ဆင့် ယခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလ ၁၅ ရက် အထိ နိုင်ငံခြားသား ခရီးသွား ဧည့်သည် ၂၂၉၈၂ ဦး ၀င်ရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ယဉ်ကျေးမှု ဇုန်ဝင်ကြေး များနှင့် ပြတိုက်ဝင်ကြေး နှုန်းထားများကို အများပြည်သူ သိရှိစေရန် ထုတ်ပြန်ဖော်ပြ ထားကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရှေးဟောင်း ပစ္စည်းများကို နည်းလမ်း အမျိုးမျိုးဖြင့် ပြည်ပသို့ တရားမဝင် ခိုးထုတ် မှုများရှိနေ သဖြင့် ဒီဇင်ဘာလမှစပြီး မန္တလေး မြို့အပါအဝင် ယဉ်ကျေးမှု အမွေအနှစ် များစွာ ရှိသည့် နေရာဒေသများ၌ လုံခြုံရေးများ ပိုမိုတိုးမြှင့်သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန တာဝန် ရှိသူ တစ်ဦးကပြောသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ ရှေးဟောင်းအမွေအနှစ် ဘုရားစေတီပုထိုးများပေါ်မှ ညနေ နေဝင်ချိန် ဆည်းဆာကြည့်ရှုသော နေရာများ ကန့်သတ်မည်ဖြစ်ကြောင်း ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ပထမဦးဆုံးအကြိမ် အဖြစ် အီတလီဖက်ရှင်ရှိုးပြပွဲနှင့် နာမည်ကြီး အီတလီ Branded ပစ္စည်းများ မိတ်ဆက်ပွဲ “Italian & Creativity” – Fashion show and exhibition of Italian brands အား အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ကုန်သည်စက်မှုလက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာတိုင်းရင်းသားတို့၏ ၂၂ ကြိမ်မြောက် ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်တွင် ယနေ့ ကျင်းပခဲ့ရာ ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ နာယက၊ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက အဖွင့် မိန့်ခွန်း ပြောကြားခဲ့ပြီး အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ 

 

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ ဟိုတယ် ၄၂ လုံးရှိသည့် အနက် ဟိုတယ် ၂၅ လုံးကိုသာ ၁၅ နှစ်အထိ အများဆုံး လုပ်ကိုင်ခွင့် ပေးသွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးကပြောသည်။

Page 1 of 2