16
Tue, Jul
542 New Articles

ရန်ကုန် ၊ ဇွန် ၁၃ရက်(ဆင်ဟွာ)

“ယူနန်အလှ တရုတ်ပန်းချီပြပွဲ”ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တရုတ် ယဉ်ကျေးမှုစင်တာတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ၄င်းအခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦတင်မောင်ထွန်း၊ဒုတိယဥက္က္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ယဉ်ကျေးမှုနှင့် သာသနာရေး ၀န်ကြီးဌာန သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်၊ ယဉ်ကျေးမှုသံမှူး မစ္စတာ ထျန်ဆန့်ထင် ၊ ယူနန်ပြည်နယ် ယဉ်ကျေးမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး မစ္စ၀မ်ကျန်းဟုန်နှင့် အခြားဖိတ်ကြားထားသောဧည့်သည်တော်များ၊မြန်မာပန်းချီပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

မွေတော်ကက္ကူဘုရားများသည် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှမ်းပြည်နယ်( တောင်ပိုင်း )၊ တောင်ကြီးမြို့နယ် ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ၊ ကက္ကူရွာတွင်တည်ရှိသော ရှေးဟောင်းမွေတော်ကက္ကူဘုရားများ ပြန်လည်ပြုပြင်ထိန်းသိမ်းလျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

လပွတ္တာမြို့၌ မြန်မာ့ရိုးရာသင်္ကြန်ကို ပါဝင်ဆင်နွဲကြသော အများပြည်သူများအား ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးဆိုင်ရာကူညီစောင့်ရှောက်မှုများ ပေးနိုင်ရန် ၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံဆေးခန်းများသို့ အချိန်မှီညွှန်းပို့နိုင်ရန် တို့အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လပွတ္တာမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးဆောင်၍ ရေကစား မဏ္ဍာပ်နေရာများတွင် ကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် မဟာသင်္ကြန်ကာလတွင် ရန်ကုန်မြို့၌ မြန်မာ့ရိုးရာသင်္ကြန်ကို ပါဝင်ဆင်နွှဲကြသော အများပြည်သူများအား ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးဆိုင်ရာကူညီစောင့်ရှောက်မှုများ ပေးနိုင်ရန် ၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံဆေးခန်းများသို့ အချိန်မီညွှန်းပို့နိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ရန်ကုန်တိုင်း ဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ ဦးဆောင်၍ ရေကစား မဏ္ဍပ်နေရာများတွင် ကူညီ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

၁၅ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်-ရန်ကုန် ၊ ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်၊ ပွဲကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးအေးမောင် နှင့်တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ရေပက်ကစားသူများ နှင့် စည်ကားလျက်ရှိကြောင်းသိရသည်။ 

ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်သင်္ကြန် စာတန်းထိုးထားသည့် အဝင်မုဒ်ဦး တွင် ရေမှုန်ရေမွှား များကျလျရှိပြီး နံနက်ခင်း နေထွက် စအချိန် တွင်ပင်လမ်းလျှောက်၍ ရေပက်ခံသူများ ဖြင့် အသက်ဝင်လျက်ရှိသည်။

မန္တလေး၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

ယခု ကျရောက်သော မြန်မာ့ရိုးရာနှစ်သစ်ကူး အချိန်အခါကာလသည် နှစ်သစ်အတွက် သမ္မတအသစ်၊ အားသစ် အင်သစ် ရည်မှန်းချက် အသစ်များဖြင့် နိုင်ငံသား အားလုံးက စည်းလုံး ညီညွတ်စွာ ဆောင် ရွက် ကြမည့် အချိန်အခါ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့  ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ၁၃၇၉ ခုနှစ် မြန်မာ့ ရိုးရာ သင်္ကြန်ပွဲတော် မန္တလေးမြို့ တော် မဟာ သင်္ကြန် မဏ္ဍပ် ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) 

၁၃၇၉ ခုနှစ် မဟာသင်္ကြန် ရန်ကုန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲကို သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့တော် ခန်းမ ရှေ့ ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ သည်။

ရန်ကုန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

 

ရခိုင် ရိုးရာ ယဉ်ကျေးမှု နှင့် အညီ ရခိုင် ရိုးရာ ယဉ်ကျေးမှု သင်္ကြန် ပွဲတော်(ရန်ကုန်)၏ ရခိုင် ရိုးရာ နံသာသွေး ပြိုင်ပွဲကို ယနေ့ ဧပြီ ၁၂ ရက်တွင် ရန်ကုန်မြို့ ဗဟန်းမြို့ နယ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ စတင် ကျင်းပ ခဲ့သည်။

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ ဆံတော်ရှင်မြတ်အား (၁၉.၄.၂၀၁၈) ရက်နေ့ မှ (၂၄.၄.၂၀၁၈)ရက်နေ့အထိ ရွှေတိဂုံစေတီတော်သို့ပင့်ဆောင်အပူဇော်ခံမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။