17
Tue, Jan
667 New Articles

နေပြည်တော်၊ ဇန်န၀ါရီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာ့တိုင်းရင်းဆေး သမားတော်များ၏ (၁၇)ကြိမ်မြောက် ညီလာခံတွင် သမားတော်များ တင်သွင်းမည့် အဆိုပြုချက်များသည် တိုင်းရင်းဆေးလောကအတွက်သာမက  ပြည်သူ တစ်ရပ်လုံးအတွက် အကျိုးရှိသည့် အဆိုပြုချက်များ ဖြစ်သင့်သည်ဟု တိုင်းရင်း ဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရီရီမြင့်က နေပြည်တော် MICC II တွင် ယနေ့ နံနက်ပိုင်း ပြုလုပ်သည့် အဆိုပါ ညီလာခံ နှင့် မြန်မာ့ တိုင်းရင်း ဆေး ပညာရှင်များ နှီးနှော ဖလှယ်ပွဲအတွက် အကြို ညှိနှိုင်း ဆွေးနွေးပွဲတွင် သဘာပတိတစ်ဦးအနေဖြင့် ပြောကြားခဲ့သည်။

နေပြည်တော်၊ ဇန်န၀ါရီ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်တွင်ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး ရည်မှန်းလျက် ဆင်ခြေထောက်ရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း စီမံချက်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင်တတိယနှစ်အဖြစ်ဆောင်ရွက်သွားမည်ဖြစ်ရာ တိုက်ကျွေးမည့် ဆေးများကို ယုံယုံကြည် ကြည်ဖြင့် အမှန်တကယ် သောက်သုံးကြရန် နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် ဇန်န၀ါရီ လ ၁၂ ရက် ကပြုလုပ်ခဲ့သည့်အဆိုပါ စီမံချက်၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ ခေတ္တ ညွှန်ကြားရေးမှူးးချုပ် ဒေါက်တာ သန်းဝင်းကတိုက်တွန်း ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇန်န၀ါရီ ၁၁ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဆေးရုံ ၇၂ ရုံမှ အရေးပေါ်ဌာနများကို ယခုနှစ်အတွင်း အဆင့်မြှင့်တင်ခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနထံမှ သိရသည်။

နေပြည်တော်၊ ဇန်န၀ါရီ ၁၀ ရက် (ဆင်ဟွာ)

ကျန်းမားရေးနှင့် အားကစား ၀န်ကြီးဌာန အောက်ရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ ဆေးဝါး ဓာတု ဓာတ်ခွဲခန်းသည် နိုင်ငံတကာ အသိအမှတ်ပြု ISO 17025 Accreditition ကို ၂၀၁၆ ဒီဇင်ဘာ ၁၃ ရက်နေ့ တွင် ရရှိခဲ့သဖြင့် ဆေးဝါးအတုများ၊စံချိန် မမီ ဆေးဝါးများကို မှန်ကန်စွာ ဖော်ထုတ်နိုင်ပြီဟုနေပြည် တော်ရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ ဆေးဝါးဓာတုဓာတ်ခွဲခန်းတွင်ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့်  ISO/ IEC 17025 : 2005 ရရှိမှုအတွက် သတင်းစာ ရှင်းပွဲတွင် ၎င်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ပြောကြားခဲ့သည်။

ကျောက်ပန်းတောင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ နယ်၊ မြို့မ ကွက်သစ် အခြေခံ မူလတန်းလွန်ကျောင်းတွင် ဆဌမမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်လှစ်ခြင်းနှင့် အပ်နှံခြင်း အခမ်းအနားကို ယနေ့  နံနက်ပိုင်းက  ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်၊ ဇန်န၀ါရီ ၅ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ လူဦးရေ ၂၀၀၀ကျော် ဖြစ်ပွားခဲ့ပြီး ၁၉ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

နေပြည်တော်၊ ဇန်န၀ါရီ ၅ ရက် (ဆင်ဟွာ)

တရုတ် - မြန်မာ ချစ်ကြည်ရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ချစ်ကြည်ရေး ကျောင်းဆောင်သစ်များ ဆောက်လုပ်လှူဒါန်းခြင်းကို ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ် အကုန်တွင် ကျောင်းဆောင်သစ် နှစ်ဆယ်ကျော် ဆောက်လုပ် ပြီးစီးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က ယနေ့ ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

၄၅ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ဇန်နဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသန ဦးစီးဌာန ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ဆေးသုတေသန ဦးစီးဌာန မှ သိရသည်။

ရန်ကုန်၊ ဇန်န၀ါရီ ၂ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ရန်ကုန်တိုင်းဒေသကြီး၌ ဆေးယဉ်ပါးတီဘီရောဂါ ကူးစက်ခံရမှု အများဆုံး နေရာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးထံမှ သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသူ ဦးရေ ၇၆၇၁၈၉ ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ထံမှ သိရသည်။

Page 1 of 5