23
Mon, Sep
527 New Articles

မော်လိုက်တွင် ဂျပန်ဦးနှောက် အမြှေးရောင် ရောဂါသံသယဖြင့် လူနာသုံးဦး သေဆုံး

Education & Health

ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ် ပန်းသာကျေးလက်ကျန်းမာရေးဌာနခွဲတွင်ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါဟု ယူဆရ သော ရောဂါသံသယဖြင့် လူနာသုံးဦး သေဆုံးခဲ့ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းထံမှ သိရသည်။

အဆိုပါ သေဆုံးသူများ၏ ရောဂါပိုးနမူနာများကို နေပြည်တော်ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးလျက်ရှိရာ နောက် သုံးရက်ခန့်အကြာတွင် အဖြေ ပြန်ရမည်ဟုသိရကြောင်း လူမှုရေးဝန်ကြီး ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မုံရွာပြည်သူ့ဆေးရုံကြီးတွင်လည်း ဒီပဲယင်းမြို့နယ် ကျည်ရွာမှ အသက်(၁၈)နှစ်အရွယ် လူနာတစ်ဦးသည် ပြင်းထန်အသက်ရှူလမ်းကြောင်းဟု ယူဆရသည့် ရောဂါဖြင့်ရောက်ရှိလာရာ ဆေးရုံတာဝန်ရှိသူများ က ရောဂါပိုးနမူနာရယူပြီး ကြိုးစားကုသပေးခဲ့ သော်လည်း ညနေ ၅ နာရီတွင် လူနာသေဆုံး သွားခဲ့ကြောင်း ခေတ္တ မုံရွာပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကိုကိုလေးထံမှ သိရသည်။ယင်းသေဆုံးလူနာကိုလည်း ဒီပဲယင်းမြို့နယ် ကျီရွာသို့ မုံရွာဆေးရုံမှ ပြန်သယ်ဆောင်ရာတွင် ထိတွေ့ရာ၌ စိတ်ချစေရန် PPE ဟုခေါ်သော လူနာဝတ်စုံ သုံးစုံအား သယ်ယူသူ သုံးဦးကို ဝတ်ဆင်စေကာကျန်သူများထိခြင်းကိုင်ခြင်းမရှိဘဲ အလောင်းကို နေရပ်ဒေသသို့ ပြန်လည်ပို့ဆောင်ကာ သြင်္ဂိုဟ်ပြီး သည်အထိ လုံခြုံစိတ်ချစွာ စီမံဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။(Xinhua)