17
Tue, Jan
667 New Articles

ရန်ကုန်၊ ဇန်န၀ါရီ ၁၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဖူဟုန် လမ်းသွယ်(၂)ရှိ သုံးထပ်တိုက်၌ ပြောင်းဖူးချွေစက်ဖြင့် ပြောင်းချွေရာမှ အပူချိန်လွန်ကဲပြီး ၀ါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

မြန်မာ့ ဆင်မျိုးစိတ်များ ဆက်လက် တည်ရှိရေး၊ တောဆင်ရိုင်းများအား သတ်ဖြတ်နေမှု၊ လူနှင့် ဆင် ပဋိပက္ခ ဖြစ်မှုများ ကာကွယ်တားဆီးရေးတို့ အတွက် မြန်မာ့ဆင်များ ထိန်းသိမ်းရေး လုပ်ငန်းစီမံချက် (မူကြမ်း)ကို တတိယအကြိမ် အပြီးသတ် ပြင်ဆင်ရေးဆွဲသည့် အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော် Grand Amara ဟိုတယ်တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

၂၂ ဘီး ကုန်သေတ္တာတင်နောက်တွဲယာဉ်က ၁ဝ ဘီးကုန်တင်ယာဉ်ကို ဝင်တိုက်၍ လူနှစ်ဦးသေဆုံးသွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့ မြန်မာစံတော်ချိန် (၁၆)နာရီ (၀၂)မိနစ် (၀၈)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်မြောက်ဘက် (၃၀၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ခန္တီးမှ အနောက်မြောက်ဘက် (၃၆)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော တနင်္သာရီကမ်းရိုးတန်းပေါ်တွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် တနင်္သာရီကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်‌မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၁ ရက်(ဆင်ဟွာ)

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ အုပ်စုအတွင်း ဇန်နဝါရီလ ၇ ရက်နေ့မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဇန်နဝါရီ ၁ဝရက်နေ့ ညနေပိုင်းမှစတင်ကာ ရေနစ်မြုပ် ခဲ့သော ချောင်းလမုရွာမှ လူနေအိမ် ၅၇ လုံး ပြောင်းရွှေ့ နေထိုင်နေရကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ဖြစ်ပွားသော ယာဉ်မတော်တဆမှု ဖြစ်စဉ် များတွင် အများဆုံး ကိုယ်ပိုင်ယာဉ်၊ ဒုတိယအများဆုံး Light Truck ယာဉ်၊ တတိယအများဆုံးမှာ အမြန်လမ်းတွင် စီးနင်းခွင့် မပြု(မပြု)ထားသော ဆိုင်ကယ်များ ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ ဇန်န၀ါရီ ၁၀ ရက် (ဆင်ဟွာ)

နေပြည်တော်ဥတ္တရသီရိမြို့နယ် မကွေး-ကံပြား တောင်ညိုလမ်း ၉ မိုင် ၅ ဖာလုံတွင် ဇန်န၀ါရီ ၉ရက်နေ့ ညနေ၌ ယာဉ်တစီး တိမ်းမှောက်ပြီး လူ၁၃ ဦးသေဆုံးကာ ၁၈ဦးဒဏ်ရာရရှိကြောင်းမြို့နယ်ရဲစခန်းထံမှ သိရသည်။

ရန်ကုန်၊ ဇန်န၀ါရီ ၁၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ခရိုင် စင့်ကင့်ကျေးရွာတွင် ဆင်သုံးကောင် ၀င်ရောက်တိုက်ခိုက်မှုကြောင့် ရွာသား ငါးဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂ဝ၁၆ ခုနှစ်အတွင်း မီးလောင်မှုအကြိမ်ပေါင်း ၁၈ဝ ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ၁၃၅.၄၆ သန်းကျော်ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမီးသတ် ဦးစီးဌာနမှ သိရသည်။