24
Wed, Jul
543 New Articles

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့ နယ် အတွင်း မီးလောင်မှုကြောင့် ကျူးကျော်တဲ ၈၀ လုံးခန့် မီးလောင်ဆုံးရှုံး

လှိုင်သာယာမြို့ နယ် အတွင်း မီးလောင်မှုအား ငြှိမ်းသတ်နေသည်ကို တွေ့ ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar ) Environment, Disasters & Accidents

ရန်ကုန် ၊ မတ် ၂၂ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာ မြို့ နယ် အတွင်းရှိ ညောင်ကျေးရွာ၌ မတ် ၂၁ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျူးကျော်တဲ ၈၀ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

လှိုင်သာယာမြို့နယ်၊ ညောင်ကျေးရွာတွင် နေအိမ်မီးဖို၌ ထမင်းအိုး တည်ရာမှ တဆင့် မီးကူးစက် လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ် ၃၀ စီး ၊ အုပ်ချုပ်မှု ယာဉ်(၈)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်း သတ်ခဲ့ရကြောင်း ၊ ယင်းဖြစ်စဉ်ကြောင့် ကျူးကျော်တဲ ၈၀ လုံးခန့် မီးလောင် ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ မြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)