22
Fri, Nov
482 New Articles

ပြင်ဦးလွင်-မန္တလေး အဆင်းလမ်းတွင် ၁၂ ဘီး ယာဉ် တိမ်းမှောက်ကာ တစ်ဦး သေဆုံး

ယာဉ်တိမ်းမှောက်မှုကြောင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar Fire Services Department) Environment, Disasters & Accidents

ရန်ကုန် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ)

ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ၁၂ ဘီးယာဉ်တစ်စီးသည် ယနေ့ အောက်တိုဘာ ၁၆ ရက်တွင် လမ်းဘယ်ဘက် ခြမ်းသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားကာ ယာဉ်မောင်း ဖြစ်သူမှာ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။

ပြင်ဦးလွင်မြို့နယ်၊ (၂၁)မိုင်ကျေးရွာ၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် မူဆယ်မှ ရန်ကုန်သို့မောင်းနှင်လာသော ၁၂ ဘီးယာဉ်သည် လမ်းဘယ်ဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကာ ယာဉ်မောင်း ဖြစ်သူမှာ သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် ဖြစ်သူမှာ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဗဟို မီးသတ်သင်တန်းကျောင်းမှ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးတို့ဖြင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)