18
Fri, Aug
718 New Articles

နေပြည်တော်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ဘိန်းအများဆုံး စိုက်ပျိုးသော ဒေသများတွင် သီးနှံများ အစားထိုးခြင်း၊ အစားထိုး ဖွံ့ ဖြိုးမှုများဖြစ်သည့် ဒေသဖွံ့ ဖြိုးရေးများ ဆောင်ရွက်ခြင်းတို့ အတွက် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နှစ်နှစ်အတွင်း ကျပ် ၈၁ ဘီလျံကျော်ခန့်  ကျခံ သုံးစွဲဆောင်ရွက်ပေးခဲ့သည်ဟု ပြည်ထဲ ရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်စိုးက ယနေ့  ပြည်သူ့  လွှတ်တော် အစည်းအဝေးတွင် ပြောကြား ခဲ့သည်။

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

မြန်မာ- EUဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စ ရပ်များကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့် ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ASEAN Tourism Forum (အာဆီယံခရီးသွားလုပ်ငန်း ဆွေးနွေးပွဲ) 2018 ကို ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

မြန်မာ-EU နှစ်နိုင်ငံအကြား၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုကဏ္ဍသစ်ကို ဖွင့်လှစ်နိုင်ခဲ့မှု အခြေအနေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H.E. Mr. Roland Kobiaတို့ ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံ (CLMV နိုင်ငံများ)နှင့် တရုတ်နိုင်ငံတို့မှ ထိုင်းနိုင်ငံသို့ လာရောက် ဆေးကုသမှုခံယူသူများအား ပြည်ဝင်ခွင့်ဗီဇာ မလိုအပ်ဘဲ ရက်ပေါင်း(၉၀) နေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မိုးကောင်းတံတားထိပ်တွင် သတင်းအရ စောင့်ဆိုင်းရှာဖွေရာ ကျောက်စိမ်းအရွယ်စုံကျောက်တုံး ၁၆၃၃ တုံးကို သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်၊  သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းတို့  ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများ အသုံးပြုနိုင်ရေး မဟာဗျူဟာ ရည်မှန်းချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်တွင် ကျေးလက်ဖွံ့ ဖြိုးရေး ဦးစီးဌာန ဟူသည့် ဦးစီးဌာန အသစ်တစ်ခု တိုးချဲ့  ဖွင့်လှစ်သည့် ပွဲကို နေပြည်တော် ဆောက်လုပ်ရေး ၀န်ကြီးဌာနတွင် ယနေ့ နံနက် ပြုလုပ်ခဲ့သည်။

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ၀င်ရောက်လည်ပတ်မှုသည် ယခုနှစ် ခုနှစ်လတာအတွင်း ၂၀ရာခိုင်နှုန်း တိုးတက်လာကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ၁၅-၈-၂၀၁၇ ရက်နေ့ ညပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်သည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု နှစ်(၇ဝ)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

ပျက်ကျ Y-8 လေယာဉ်၏ ခြောက်လက်မ အချင်းရှိ မော်တာတစ်ခုကို ထပ်မံ ရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။