18
Sun, Aug
565 New Articles

မောင်တောမြို့မ ဈေးကြီး ပြန်လည်ဖွင့်လှစ်

မောင်တောမြို့မ ဈေးကြီးအတွင်း ကုန်ပစ္စည်းဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချမှုများအား တွေ့ရစဉ်(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ) Politics, Law & Military

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

 

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ မောင်တောမြို့မဈေးကြီးကို ဒီဇင်ဘာ ၂၆ ရက်နေ့က ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ၄ လ ကြာ ပိတ်ထားခဲ့ရသော အဆိုပါ ဈေးကြီးအား တည်ငြိမ်အေးချမ်းမှုရှိလာသည့်အတွက် ပြန်လည် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

 

မောင်တောမြို့မဈေးကြီးတွင် ဈေးဆိုင်ခန်းပေါင်း ၄၅၃ ခန်းရှိပြီး  စတင်ဖွင့်လှစ်သည့်နေ့တွင် ကုန်ပစ္စည်းမျိုးစုံရောင်းချသည့် ဆိုင်ခန်း ၁၅၀ နီးပါးခန့် ပြန်လည်ဖွင့်လှစ်ရောင်းချနေပြီဖြစ်ကြောင်း သိရှိရသည်။(Xinhua)