23
Mon, Sep
527 New Articles

သထုံမြို့၌ ဘုရားဖူးယာဉ်တိမ်းမှောက်ရာ တစ်ဦးသေဆုံး၊ ၁၂ ဦးဒဏ်ရာရ

ယာဉ်တိမ်းမှောက်မှုအား ကူညီကယ်ဆယ်နေမှုအားတွေ့ရစဉ်(ပြည်ထဲရေး) Politics, Law & Military

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် သထုံမြို့၌ ဒီဇင်ဘာ ၂၉ ရက် နံနက်တွင် ဘုရားဖူးယာဉ် တိမ်းမှောက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

သထုံမြို့ နောင်ကုလားဘုရားလေးကျောင်းအနီးတွင် ဘုရားဖူးထွက်လာသောယာဉ်မှာ အရှိန်လွန်တိမ်းမှောက်သွားမှုကြောင့် ယာဉ်ပေါ်ပါအမျိုးသမီးတစ်ဦးသည် ထိခိုက်ဒဏ်ရာ မရှိဘဲ အထိတ်တလန့်ဖြစ်ပွားပြီး သေဆုံးသွားခဲ့ကြောင်း၊ ဒဏ်ရာရရှိထားသူ ၁၂ဦးသည် ထိခိုက်ပွန်းပဲ့သော ဒဏ်ရာများသာ ရရှိကြောင်း သိရသည်။မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒညင်းကုန်းကျေးရွာအုပ်စု ဘုရားရွာအနီး ဒီဇင်ဘာ ၂၅ ရက် နံနက်တွင် လည်း ခရီးသည် ၄၀ဦးပါယာဉ်တိမ်းမှောက်ပြီး ၅ဦးသေဆုံး၊ ၃၀ဦး ဒဏ်ရာရရှိခဲ့သည်။(Xinhua)