ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် လုံခြုံရေး ကျိုးပေါက်မှု မရှိစေရေး ပြည်ထဲရေး ဒုတိယဝန်ကြီး မှာကြား

ပြည်ထဲရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူ လေဆိပ်တွင် လိုက်လံ စစ်ဆေးနေစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar) Politics, Law & Military

ရန်ကုန် ၊ မေ ၂၃ ရက်(ဆင်ဟွာ)

ပြည်ထဲရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့မေ ၂၂ ရက်တွင် သွားရောက် စစ်ဆေးခဲ့ရာတွင် လေဆိပ် လုံခြုံရေး ကျိုးပေါက်မှု မရှိစေရေး အချက်များကို မှာကြား ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

လေဆိပ်လုံခြုံရေး ကျိုးပေါက်မှု မရှိစေရေး အပါအဝင် ခရီးသည်များ လုံခြုံအေးချမ်းစွာ သွားလာနိုင်ရေး၊ လေဆိပ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လေကြောင်းရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လေဆိပ်ဝန်ဆောင်မှု ကုမ္ပဏီတို့မှ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက် သွားကြရန် ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက လေဆိပ်၌ လိုက်လံ စစ်ဆေးစဉ် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လုံခြုံရေးဆောင်ရွက်နေမှုများ ၊ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုများအား ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူသည် မေလ ၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။(Xinhua)