20
Thu, Feb
410 New Articles

နေပြည်တော်၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ)

နိုင်ငံပိုင် ဘဏ်များရှိ အရင်း အတိုး ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိသော ချေးငွေမှာ စုစုပေါင်း ကျပ် ၂၆၃ ဒသမ ၉ ဘီလီယံ ရှိနေကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ အဖွဲ့ဝင် ဇလွန်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ လွှတ်တော်သို့ တင်ပြခဲ့သည်။

နေပြည်တော် ဇန်န၀ါရီ ၂၈ ရက်(ဆင်ဟွာ)

နိုင်ငံတော််၏ ရေရှည် အနာဂတ်မှာ အားကိုး အထားပြုရမည့် မျိုးဆက်သစ်များ ဖြစ်ထွန်းလာရေး အတွက် အခြေခံပညာကဏ္ဍ ပညာရေး ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် မိဘ ပြည််သူ များ၊ ကျောင်သား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ပညာရေးနှင့် ပတ်သက် ဆက်နွယ်သူများ အားလုံးက ဟန်ချက် ညီညီနဲ ့ပူးပေါင်း ပါ၀င်ပေးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်က ယနေ ့ တိုက်တွန်း ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

အမျိုးသား၊ ပြည်သူ့နှင့် တိုင်းဒေသကြီး(သို့)ပြည်နယ် လွှတ်တော်များမှ တပ်မတော်သား ကိုယ်စားလှယ် ၁၇ ဦး ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈) ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (ခ)တို့နှင့် သက်ဆိုင်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှစ်ခုကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၃ ရက်တွင် ပြည်ထောင်စု လွှတ်တော်က လက်ခံရရှိထားကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။

နေပြည်တော်၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်တွင် စုစုပေါင်း နိုင်ငံခြားသုံး သီးသန့်ငွေသည် သွင်းကုန်၏ ၅ ဒသမ ၆ လစာ ပမာဏ ရှိပြီး ဗဟိုဘဏ်ရှိ နိုင်ငံခြားသုံး သီးသန့်ငွေမှာ သွင်းကုန်၏ ၃ ဒသမ ၃ လစာ ပမာဏ ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးစိုးမင်းက ယနေ့ ပြောကြားခဲ့သည်။

 

နေပြည်တော်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

လူ့အခွင့်အရေးကိုကာကွယ်မြှင့်တင်နိုင်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီရေးတို့ပါ ကျွဲကူးရေပါအလိုလိုထိန်းသိမ်းစောင့်ရှောက်နိုင်သောကြောင့် လူ့အခွင့်အရေးကို အထူးဂရုစိုက်ထိန်းသိမ်းပေးရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဇန်နဝါရီ ၂၄ ရက်၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့်တွေ့ဆုံစဉ် ညွှန်ကြားခဲ့ကြောင်း  နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရသိရသည်။

နေပြည်တော်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာကျင်းပနိုင်ရန် စေ့စပ်ညှိနှိုင်းရေးကော်မတီ နှင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်း ဆောင်ရွက်သွားမည်    ဖြစ်ကြောင်း  ဇန်နဝါရီ ၂၃ ရက်က ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

နေပြည်တော် ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသော ဒေသများ၌ ၂၀၁၉ ခုနှစ် အတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် လူ ၂၀၀ကျော် ထိခိုက်ဒဏ်ရာရရှိကာ ၅၇ ဦးသေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၂၃ ရက်တွင်ပြုလုပ်သောမိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့၏ (၂၃)ကြိမ်မြောက် ပုံမှန် ညှိနှိုင်းအစည်းအဝေးထံမှ သိရသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ)

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက်များ ချမှတ်ပေးရန် လျှောက်ထားချက်အပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်အား နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ခဲ့ရာတွင် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက မှတ်သားထားရှိကြောင်း နှင့် ရခိုင်ပြည်နယ်၌ လူမျိုးပြုန်းတီးစေရန် ဆောင်ရွက်မှုမရှိကြောင်း ထည့်သွင်း ဖော်ပြထားသည်။

နေပြည်တော်၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ်အတွင်း တပ်မတော်၊ ရဲတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့၏ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စုစုပေါင်းတန်ဖိုးမှာ မြန်မာကျပ်ငွေ ၃၄၃ ဒသမ ၅၈ ဘီလီယံ ရှိသည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ယနေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။