18
Sat, Jan
484 New Articles

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ပြည်တွင်းလုံခြုံရေး၊ ပြည်ပလုံခြုံရေး ခွဲခြား၍ ရသည့်အခြေအနေ မရှိတော့ဘဲ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းလုံခြုံရေးသည် ပြည်ပလုံခြုံရေးနှင့် ဆက်နွယ်နေသောကြောင့် အထူးအရေးကြီးကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်နှင့် ရဲအရာရှိကြီးများအား တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးပြုန်းတီးမှုဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သတ်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးတော်က ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ချမှတ်မည့် စီရင်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ကြားနာမှုဆိုင်ရာ အတွေ့အကြုံများနှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း ဒီဇင်ဘာလ  ၁၂ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်အထိ တရားမဝင် ကျွန်း/ပျဉ်းကတိုးသစ် ၂၉၈ လုံး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်သော သတင်းအရသိရသည်။

 နေပြည်တော်၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

နိုင်ငံတော် အကြီးအကဲများနှင့် နိုင်ငံတော် အဆင့် ဧည့်သည်တော်များ ပြည်တွင်းခရီးစဉ်များတွင် အသုံးပြုရန် ၂၀၁၉ ခုနှစ်တွင် ၀ယ်ယူမည့် ကျည်ကာ မော်တော်ယာဉ်ခြောက်စီး တင်သွင်းရာတွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်ခွန်များ ကင်းလွတ်ခွင့်ပေးရေးကို ပြည်ထောင်စု လွှတ်တော် ယနေ ့ အစည်းအေ၀းက အတည်ပြုခဲ့သည်။

ရန်ကုန်၊ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တနင်္လာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့၊မြန်မာ့ပင်လယ်ပြင်အတွင်း၌ ခိုးဝင်ဘင်္ဂါလီ ၁၇၃ ဦးဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရသိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ကမ်းလွန်လုပ်ကွက် A-6 တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော် ထုတ်လုပ်မှု စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် သဘောတူညီမှုများ ဆိုင်ရာ စာချုပ်များ လက်မှတ်ရေးထိုးပွဲအား ဒီဇင်ဘာ ၁၆ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တပ်မတော်(လေ)အတွက် JF-17 B  ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ်၊ Yak-130 အပေါ့စား တိုက်လေယာဉ် နှင့် MI-35 P  တိုက်ခိုက်ရေးရဟတ်ယာဉ်များ တပ်တော်ဝင်နိုင်ခြင်းသည် တပ်မတော်(လေ)အတွက် လေကြောင်းစွမ်းအား တိုးမြှင့်ပေးရာ ရောက်သကဲ့သို့ တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးပိုင်း တွင်လည်း စွမ်းရည်ပိုမို တိုးတက်လာစေမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် ပင်လောင်း နှင့် ဖယ်ခုံမြို့နယ်တို့၌ အောက်တိုဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၁၄ ရက်အထိ ၂၀၁၉-၂၀၂၀ ခုနှစ် ဘိန်းစိုက်ရာသီအတွင်း စိုက်ပျိုးထားသည့် ဘိန်းခင်း ဧက ၁,၂၃၆ ဒသမ ၅ ကို ဖျက်ဆီးခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုတိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) က ယနေ့ သတင်းထုတ်ပြန်သည်။ 

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

နှစ်ပေါင်းများစွာ တည်ငြိမ် အေးချမ်းခဲ့သော ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုကို ပြန်လည် ရရှိရန် နှင့် အနာဂတ်တွင် သာယာ လှပ ဖွံ့ဖြိုးတိုးတက်သောပြည်နယ် ဖြစ်လာစေရန် အတွက် ပြည်နယ်သူ၊ ပြည်နယ်သား တို့၏ စုပေါင်း ညီညွတ်သော စွမ်းအားဖြင့် ကြိုးပမ်း တည်ဆောက်သွားကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က (၄၅) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် တိုက်တွန်း ပြောကြားခဲ့သည်။

နေပြည်တော်၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာတရားရုံး၌ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အတွက် ဂမ်ဘီယာနိုင်ငံနှင့်အတူ ICJ တရားရုံး၌ ကြားနာရာတွင် သွားရောက်လျှောက်လဲခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးဒေါ်အောင်ဆန်းစုကြည်သည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှ ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် ပြည်သူများစွာ ကြိုဆိုခဲ့ကြသည်။