17
Tue, Jan
667 New Articles

ရန်ကုန်၊ ဇန်နဝါရီ  ၁၆ ရက် (ဆင်ဟွာ)

နိုင်ငံတကာ နည်းပညာ ကုန်စည်ပြပွဲကို စက်မှုဝန်ကြီးဌာန စက်မှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် Myanmar Promotional Services ( MPS ) Co.,Ltd. တို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက် အထိ ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း Myanmar Promotional Services ( MPS ) Co.,Ltd သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏စတုတ္ထမြောက် ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာဖြစ် သည့် Myanmar National Tele & Communications Co.,Ltdသည် အမျိုးသားပိုင်အော်ပရေတာဖြစ် သည့်အတွက်  ကျေးလက်ဒေသများကို အခြေခံ ပြီး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံ လူဦးရေ၏ ၉၅ ရာခိုင်နှုန်းကို ကွန်ရက်လွှမ်းမိုးမှု ရှိအောင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မီဒီယာများအားပြောကြားခဲ့သည်။

နေပြည်တော်၊ ဇန်န၀ါရီ ၁၃ ရက် (ဆင်ဟွာ)

မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့  လုပ်ငန်းသည် မြန်မာနိုင်ငံ ကမ်းလွန် ရေနံ လုပ်ကွက်များအတွင်း ယခု နှစ်တွင် တွင်းသစ် ၃၇ တွင်း တူးဖော်မည်ဟု လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ထုတ်ပြန်ကြေညာခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးအတိုင်းအတာအရ တစ်နေ့လျှင် ရထားစီးခရီးသည် တစ် သိန်းနှစ်သောင်းကျော်ရှိကြောင်း မြန်မာ့မီးရထား တိုင်းအမှတ်(၇) သွားလာရေးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာ့မီးရထားအနေဖြင့် လက်ရှိတွင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်သည့်အတွက် ရထားစီး ခရီး သည်အရေအတွက်မှာ သိသိသာသာပြောင်းလဲမှုမရှိသေးသော်လည်း အဆင့်မြှင့်တင်မှုလုပ်ငန်းများပြီးပါက စီးနင်းသူ ယခု ထက်ပို၍ပိုမိုများပြားလာနိုင်ကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။

မြန်မာ့မီးရထားအနေဖြင့် တစ်နိုင်ငံလုံး၌ အမြန်ရထား ၃၈ စင်း၊ စာပို့ရထား၅၆ စင်း၊ ကုန်တင်ရထား ၅၈ စင်း၊ ခရီးတိုရထား အစင်း ၂ဝ နှင့် ရန်ကုန်မြို့ပတ်ရထား ၂၁၅ စင်း စုစုပေါင်းရထား ၃၈၇စင်းဖြင့် ခရီးသည်များအား နေ့စဉ်သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။   (Xinhua) 

ရန်ကုန်၊ ဇန်န၀ါရီ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ငလျင်ပြတ်ရွေ့ဇုန်များတွင် မြေသားများရွေ့လျားမှု အခြေအနေများကို လေ့လာသိရှိနိုင်ရန် GPS စနစ်များ တိုးချဲ့တပ်ဆင်မည်ဖြစ်ကြောင်း မြေငလျင်တိုင်းတာရေးစခန်းထံမှ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်မီးသုံးစွဲမှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိနေသဖြင့် မိမိအသုံးပြုထားသည့် မီတာယူနစ်ကို မီးသုံးစွဲသူကိုယ်တိုင် မိုဘိုင်းလ် ဖုန်းမှတစ်ဆင့် သိရှိနိုင်မည့် အော်တိုမက်တစ် မီတာစနစ်ကို ပြောင်းလဲရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်ကပြောသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

နိုင်ငံတကာ မြို့ကြီးများ၌ ဖောက်လုပ်ထားသော မြေအောက်ရထားလမ်းနှင့် ကားလမ်းများကဲ့သို့ ရန်ကုန်မြို့၌လည်း ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး ကပြောသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ရန်ကုန်-မော်လမြိုင်ရထားလမ်း ကိုးချောင်းဆက်သံလမ်းများဖြင့် ပြောင်းလဲ တပ်ဆင်ပြီးစီးပါက လက်ရှိပြေးဆွဲချိန်များ လျှော့ချနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှတာဝန်ရှိ သူတစ်ဦးက ပြောသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိတန်ခိုးကြီးဘုရားများနှင့် နိုင်ငံခြားသားများ အသွားများသည့် နေရာများတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် လာမည့်နှစ်တွင် CCTV ကင်မရာများ တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင်  မိုဘိုင်းဖုန်းသုံးစွဲမှု ကျယ်ကျယ်ပြန့်ပြန့်မရှိသေးသည့် ကျေးလက်ဒေသများတွင် ဆက်သွယ်ရေးကဏ္ဍပိုမိုကောင်းမွန် ရန် ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ စာတိုက်နှင့် ကြေးနန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်း က ရန်ကုန်မြို့ရှိ Novotel Hotel Max ၌ ဒီဇင်ဘာ(၆)ရက် မှ  (၈)ရက်အထိ (၃)ရက်တာ ကျင်းပပြုလုပ်နေသည့် Communicast Myanmar 2016 ပြပွဲ တွင် ပြောကြားခဲ့သည်။

Page 1 of 4