17
Tue, Jan
667 New Articles

ရန်ကုန် ၊ ဇန်န၀ါရီ ၁၇ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ တွင်း စုပေါင်း ပြေးဆွဲသည့် စနစ်သစ်ဖြင့် ဘတ်စ်ကားလိုင်းများအား လေ့လာဆန်းစစ်မှုများ အရ ကားအရေအတွက် နှင့် ပြည်သူလူထု မညီမျှ ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ ဇန်န၀ါရီ ၁၇ ရက်တွင် YBS ကားလိုင်းဖြင့် လိုက်ပါ စီးနင်းခဲ့ရာတွင် ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၇ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ တွင်း စုပေါင်း ပြေးဆွဲသည့် ဘတ်စကား စနစ်သစ် ဒုတိယနေ့ ဖြစ်သည့် ဇန်န၀ါရီ ၁၇ ရက်တွင် အများပြည်သူ ခရီးသွားလာမှုမှာ ပထမနေ့ ထက် ပိုမို အဆင်ပြေစွာ သွားလာနိုင်ကြကြောင်း ခရီးသွားပြည်သူများနှင့် စေတနာ့ ၀န်ထမ်းများ၏ ပြောဆိုချက်များ အရ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

တညင်းကုန်းသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် နှင့် ပန်းမန်အဆင့်မြင့်လက်ကားဈေးသစ်ကြီး အား Myanmar Agro Exchange Public Limited  (MAEX) မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ နှင့် အကျိုးတူပူးပေါင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း MAEX မှ တာဝန်ရှိသူ ဦးဇော်ဇော်က ဆင်ဟွာကိုပြောသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၄ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ တွင်း ဇန်န၀ါရီ ၁၆ ရက်မှ စတင်၍ စုပေါင်း စနစ်ဖြင့် ဘတ်စကား အစီးရေ ၄၀၀၀ ကျော် ပြေးဆွဲ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ရုံး၌ ယနေ့ ဇန်န၀ါရီ ၁၄ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၃ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ တွင်း စနစ်သစ်ဖြင့် ပြောင်းလဲ ကျင့်သုံးမည့် မော်တော်ယာဉ်လိုင်းသစ်များနှင့် ပတ်သက်သည့် ယာဉ်လမ်းကြောင်း လက်ကမ်းစာစောင် ၅ သိန်းအား အများပြည်သူများ ခရီးသွား အဆင်ပြေစေရန် စေတနာ့ ၀န်ထမ်းများမှ တဆင့် ဖြန့် ဝေပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ရုံးမှ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနတန်ဖိုးနည်း အိမ်ရာစီမံကိန်းအပိုင်း (၂)၊(၃)နှင့် လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာများမှ အခန်းပေါင်း သုံးထောင်ကျော်ကို ဧပြီလတွင် ရောင်းချသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၁ ရက်(ဆင်ဟွာ)

ပြည်တွင်း ရွှေ့ပြောင်း သွားလာခြင်းသည် ရန်ကုန်တိုင်းဒေသကြီးကို မဏ္ဍိုင်ပြု နေပြီး ရန်ကုန်တိုင်းဒေသကြီးသို့ လွန်ခဲ့သည့်(၅)နှစ်အတွင်း ရွှေ့ပြောင်းလာကြသူ အများစုသည် ဧရာဝတီ တိုင်းဒေသကြီးမှ ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန်သော ရွှေ့ပြောင်းသွားလာ ခြင်းနှင့် မြို့ ပြ ထွန်းကားလာခြင်း စာတမ်းအရ သိရသည်။

ရန်ကုန်၊ ဇန်န၀ါရီ ၁၁ ရက် (ဆင်ဟွာ)

ပြည်တွင်းမှ အသေးစားနှင့် လက်လုပ်လက်စားသတ္တုတူးဖော်သူများသည် ပြုပြင်ရေးဆွဲထားသောသတ္တုတူးဖော် ရေးဥပဒေသစ်အရ ပြည်ထောင်စုအစိုးရထံတွင် လုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားရန် မလိုအပ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနထံမှ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ ကားချစ်သူများ စုစည်းထားသည့် ရှေးဟောင်း ဂန္ထဝင် ကားပြပွဲကို ဒုတိယအကြိမ် အဖြစ် ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြသ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းကား ချစ်သူများ ကလပ်မှ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

 

ပုပ္ပားတောင် ဝန်းကျင်တွင် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် စစ်တမ်းကောက်ယူ မူများကို ၂၀၁၇ ဇန်နဝါရီလ ပထမအပတ်တွင် စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း ပုပ္ပားတောင် ချစ်သူများ အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

 အဆိုပါ သဘာဝအခြေပြု ခရီးသွားလုပ်ငန်း အဖြစ် ဒေသခံကျေးရွာ များ၏ ဓလေ့စရိုက်များ၊ မြန်မာ့ရိုးရာ အစားအစာများ၊ ဆီကြိတ် သရုပ်ပြခြင်း၊ ထယ်ထိုး သရုပ်ပြခြင်း၊ သဘာဝ ဖြစ်ပေါ်နေသော အလှကျောက်များ၊ ဝါးဖြင့်ပြု လုပ်သော တည်းခိုဆောင် များဖြင့် သာယာလှပကာ ဒေသခံများက ညကျေးရွာ အလိုက် ဝင်ကြေး ကောက်ခံမည် ဖြစ်ပြီး စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ကြောင်း သိရသည်။

 

ယင်းကဲ့သို့ သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ဘူမိဗေဒ ပညာရှင်များ၊ ယူနက်စကို အဖွဲ့များ၊ သက်ဆိုင်ရာ တာဝန်ရှိသူ များဖြင့် ပုပ္ပားဒေသ ဝန်းကျင်တွင် စစ်တမ်း ကောက်ယူမူများ လုပ်ဆောင်နေပြီး ကျေးရွာ များတွင် အစည်းအဝေးများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

 

စစ်တမ်း ကောက်ခြင်းများ ပြုလုပ်ပြီးပါက သက်ဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြသွားမည်ဖြစ်ပြီး သဘာဝ သစ်တောများ၊ ရေထွက်များ မပျက်စီးစေရန်နှင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေး တိုးတက်စေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ ပုပ္ပားတောင်ချစ်သူများ အသင်းသည် သဘာဝပတ်ဝန်းကျင် နှင့် ဒေသခံလူမှုစီးပွား မြှင့်တင်ခြင်းများကို အဓိက လုပ်ဆောင်ပြီး တောင်သူ အသိပညာ မြှင့်တင်ခြင်းများနှင့် ပုပ္ပားတောင်တက်ပွဲ များတွင် ဦးစီးဦးဆောင် ဆောင်ရွက်ကြောင်း သိရသည်။  (Xinhua)