26
Wed, Sep
674 New Articles

ဝန်ကြီးချုပ် ဦးနုနေအိမ်ပြခန်းဖွင့်လှစ်

ဦးနုနေအိမ်ပြခန်း ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ) Social

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဦးနု၏ နေအိမ်ပြခန်းကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် ဦးနု အသုံးပြုခဲ့သည့် အသုံးအဆောင် ပစ္စည်းများနှင့် သမိုင်းဝင်ဓာတ်ပုံများကို လေ့လာကြည့်ရှုနိုင်ရန် ဦးနုနေအိမ်ပြခန်းကို ဦးနုကွယ်လွန်ချိန်အထိ နေထိုင်ခဲ့သော ခြံအမှတ်(၄၂)၊ ပြည်ထောင်စုလမ်း၊ ဆရာစံလမ်းမကြီး ၊ ဗဟန်းမြို့နယ်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဦးနုနေအိမ်ပြခန်း ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

အဆိုပါ ဦးနုနေအိမ်ပြခန်းကို အများပြည်သူလာရောက်လေ့လာနိုင်ရန် သောကြာ၊ စနေနှင့် တနင်္ဂနွေ ရက်များတွင် ဖွင့်လှစ်ပေးရန် လျာထားကြောင်း ယင်း ပြခန်းကို ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနုက ပြောကြားသည်။ဦးနုနေအိမ်ပြခန်း၌ ဘုရာခန်း၊ အိပ်ခန်း၊ ဧည့်ခန်းနှင့် စာဖတ်ခန်းလေးခန်း ခင်းကျင်းပြသထားပြီး အဆိုပါ အခန်းလေးခန်းတွင် ဦးနု အသက်ရှိစဉ်ကာလက အသုံးပြုခဲ့သော ပစ္စည်းများခင်းကျင်းပြသထားကြောင်း သိရသည်။

ဦးနုနေအိမ်ပြခန်း ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် နု-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သော မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ်ဖြစ်သူ ဦးနုအသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများနှင့် သမိုင်းဝင်ပုံများကို ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် ရည်ရွယ်ပြီး အဆိုပါ ဦးနုနေအိမ်ပြခန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

ဦးနုနေအိမ်ပြခန်း ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

ဦးနုနေအိမ်ပြခန်း ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

ဦးနုနေအိမ်ပြခန်း ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

ဦးနုသည် မြန်မာ့လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်အဖြစ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ရက်မှ ၁၉၅၆ ခုနှစ်၊ ဇွန်လ ၁၂ရက်အထိ ပထမအကြိမ်၊ ၁၉၅၇ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်မှ ၁၉၅၈ ခုနှစ် အောက်တိုဘာ ၂၈ ရက်အထိ ဒုတိယအကြိမ်နှင့် ၁၉၆၀ခုနှစ် ဧပြီ ၄ရက်မှ မတ်လ ၂ရက် အထိ တတိယအကြိမ် တာဝန်ထမ်းဆောင်ကာ ၁၉၉၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ (Xinhua)