ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်မှ အောက်တိုဘာလ (၁၇) ရက်အထိ ရှမ်းပြည်နယ်၊ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်း နိုင်ငံသား (၅၀,၉၂၇) ဦးနှင့် အခြားနိုင်ငံများမှ နိုင်ငံခြားသား ခရီးသွား ဧည့်သည် (၁,၁၀၆) ဦး၊ လန့်တောင်း နေ့ချင်းပြန်ခရီးစဉ် ထိုင်းနိုင်ငံသား(၁၀)ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသားအများစု ပါဝင်သော အခြားနိုင်ငံများမှ ကမ္ဘာလှည့်ခရီးသည် (၇၂၂) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ် ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၁,၉၆၀) ဦးရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။