17
Tue, Jan
667 New Articles

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ယူအေအီး နိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း ကျင်းပမည့် အာရှဖလား ၂၀၁၉ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရေး ခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသည့် မြန်မာ့လက်ရွေးစင်အသင်း အပါအဝင် အသင်း (၂၄) သင်းစာရင်းကို အာရှ ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) 

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို ဇန်နဝါရီ(၁၄)ရက် ညပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပခဲ့ရာ One Championship ရဲ့ MMA မစ်ဒယ်ဝိတ်တန်းပြိုင်ပွဲတွင် ကိုယ်ခံပညာ လက်ဝှေ့အကျော်အမော် မြန်မာ MMA ကစားသမားအောင်လအန်ဆန်း က လက်ရှိချန်ပီိယံ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို ရှုံးနိမ့်ခဲ့သည့် အတွက် ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ပရိသတ်များအားတောင်းပန်ကြောင်း ရေးသားခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ တတိယမြောက် ဘောလုံး အကယ်ဒမီ အဖြစ် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)ကို ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။  

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၁၇ တရုတ်ဖိတ်ခေါ်အမျိုး သမီး ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၁၉ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ပြင်သစ်နိုင်ငံသား အယ်လ်နီကင် ဖက်ဒရစ် (Anikine Frederic) ကို မြန်မာ့လက်ရွေးစင် ယူ-၁၄ အသင်း၏ ဂိုးနည်းပြနှင့် လက်ထောက်နည်းပြအဖြစ် တစ်နှစ် စာချုပ် ချုပ်ဆို ခန့်အပ် တာဝန်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

၂၀၁၇ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲအား  ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံ (၁)တွင်  ကျင်းပတာလွှတ်ခဲ့ပြီး အမျိုးသားအပြည့်မာရသွန် ( ၄၂ ကီလိုမီတာ) ပြိုင်ပွဲတွင်  ကင်ညာနိုင်ငံသား  Mr.Joseph Gitau Kariuk  (မစ္စတာ ဂျိုးဇက်ဂီတုကာရွတ်) ကဗိုလ်စွဲခဲ့ပြီး ငါးကြိမ်ဆက်တိုက် ချန်ပီယံဖြစ်လာခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ဥရောပတိုက်ရှိ နိုင်ငံများမှ ထိပ်သီးကလပ် အသင်းများ၏ လူငယ် ဘောလုံးအသင်းများ ပါဝင် ယှဉ်ပြိုင် ကစားမည့် IZMIR U12 CUP (အစ္စမေးလ်ယူ-၁၂) ဘောလုံး ပြိုင်ပွဲကို ၂ဝ၁၇ ခုနှစ် ဧပြီလတွင် တူရကီနိုင်ငံ အစ္စမေးလ် မြို့၌ ကျင်းပမည် ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် စီးတီးရန်ကုန် ဘောလုံးအသင်း၏ လူငယ် ဘောလုံးအသင်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အာရှဘောလုံးအဖွဲ့ချုပ်ကကြီးမှူးကျင်းပမည့် ၂ဝ၁၉ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ဇန်နဝါရီလ အတွင်း ကျင်းပမည်ဖြစ်ပြီး မြန်မာ့ လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် ၊မေလ တွင် ကျင်းပမည့် အာဆီယံ ယူ-၁၅ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို မြန်မာ အမျိုးသမီး ယူ-၁၅ အသင်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး Naing Moe Entertainment နှင့် Myanmar Media Management က စီစဉ်သော (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြန်မာ-ထိုင်းရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကို ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၁ နာရီတွင် တောင်ငူမြို့ မိုးလုံလေလုံ ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။