18
Thu, Jul
538 New Articles

အာရှ ယူ၁၉ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးခြေစစ်ပွဲ ဒုတိယအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းလေ့ကျင့်မှုများဆောင်ရွက်နေစဉ် (ဓာတ်ပုံ--MFF) Sport

ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) 

အာရှ ယူ၁၉ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးခြေစစ်ပွဲ ဒုတိယအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြိုင်ပွဲကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့သို့ ဧပြီလ ၁၈ရက်နေ့က ရောက်ရှိခဲ့ပြီး ယနေ့ ဧပြီလ ၁၉ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ လေ့ကျင့်ရေးအစီအစဉ်များကို ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

အာရှယူ၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များမှာ 

ဧပြီလ ၂၆ ရက် ညနေ ၆နာရီ တွင်  မြန်မာအသင်း နှင့် ဥဇဘတ်ကစ္စတန်အသင်း ၊ဧပြီလ ၂၈ ရက် ညနေ ၆နာရီ တွင်  မြန်မာအသင်း နှင့် သြစတြေးလျအသင်း ၊ ဧပြီလ ၃၀ ရက် ညနေ ၆နာရီ တွင် 

မြန်မာအသင်း နှင့် နီပေါအသင်းတို့ မန္တလေးမြို့ရှိ မန္တလာသီရိကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)