22
Mon, Jul
548 New Articles

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ အမျိုးသမီးဘောလုံးညီလာခံမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ ချုပ် (MFF) အမျိုးသမီးလိဂ် ကော်မတီဥက္ကဋ္ဌ ဦးလှဌေးနှင့် တာဝန်ရှိသူတို့ တက်ရောက်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ အမျိုးသမီးဘောလုံးညီလာခံမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ ချုပ်က တာဝန်ရှိသူတို့တက်ရောက်စဉ် (ဓာတ်ပုံ--MFF) Sport

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ အမျိုးသမီးဘောလုံးညီလာခံ (FIFA Women Football Convention) ကို ယနေ့နံနက်ပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပရာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ ချုပ် (MFF) အမျိုးသမီးလိဂ် ကော်မတီဥက္ကဋ္ဌ ဦးလှဌေး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက် လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းညီလာခံတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖီဖာအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ် များ၊ နာမည်ကျော်ဘောလုံးသမားများ တက်ရောက်ပြီး အမျိုးသမီးဘောလုံး လောကဖွံ့ ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးပွဲများ၊ စကားဝိုင်းများ၊ နှီးနှော ဖလှယ်ခြင်းများ ပြုလုပ်လျက်ရှိသည်။ 

ယင်းညီလာခံကို ဇွန် ၇ ရက်တွင် လည်း ဆက်လက်ကျင်းပမည်ဖြစ်ပြီး ညနေပိုင်းတွင် ပြင်သစ်နိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၉ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲနှင့် အဖွင့်ပွဲဖြစ်သည့် အိမ်ရှင်ပြင်သစ်နှင့် တောင်ကိုရီးယားပွဲကိုမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) အမျိုးသမီးလိဂ် ကော်မတီဥက္ကဋ္ဌ ဦးလှဌေး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကို သိန်း တို့ တက်ရောက်ကြည့်ရှုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။  (Xinhua)