22
Fri, Nov
483 New Articles

(၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ခွင့်ပြုရရှိသော ဘဏ္ဍာ ငွေအခြေအနေနှင့် ချိန်ထိုး၍ ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ပြည်ထောင်စု ဝန်ကြီးဆို

(၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းပြောကြားစဉ် (အားကစား) Sport

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

 

(၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝန်ကြီးဌာန၏ ခွင့်ပြုရရှိသော ဘဏ္ဍာ ငွေအခြေအနေနှင့် ချိန်ထိုး၍ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

(၃၀)ကြိမ်မြောက် ပြိုင်ပွဲတွင်မြန်မာနိုင်ငံမှ အားကစားနည်း(၃၂)မျိုး ပါဝင်ယှဉ်ပြိုင်ရန် လျာထားပြီး စုစုပေါင်း အင်အား (၅၂၇)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ရန် လျာထားကြောင်း၊ (၄၅၇)ဦးသည် နိုင်ငံတော်စရိတ်ဖြင့် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး(၇၀)ဦးမှာ အဖွဲ့ချုပ်စရိတ်ဖြင့် ကုန်ကျပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ဆိုသည်။

 

မြန်မာအားကစားအဖွဲ့သွားရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် အဆင့်ဆင့် လူရွေးချယ်ကာ အတည်ပြုပြီးသွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား (၂)နိုင်ငံပူးတွဲ လေ့ကျင့်မှု အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံသို့ စေလွှတ်လေ့ကျင့်စေခဲ့ပြီး လာမည့်နိုဝင်ဘာလတွင် တရုတ်နိုင်ငံနှင် ရုရှားနိုင်ငံသို့ ထပ်မံစေလွှတ်လေ့ကျင့်စေကာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆိုသည်။

 

(၃၀)ကြိမ်မြောက် ပြိုင်ပွဲအား ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ ဒီဇင် ဘာလ(၁၂)ရက်နေ့အထိ မြို့ကြီး(၄)မြို့တွင် အားကစားနည်း(၅၆)မျိုးကို လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။(Xinhua)