20
Mon, Jan
480 New Articles

မြန်မာအမျိုးသား ဘောလုံးအသင်း တတိယ ရရှိ

မြန်မာအမျိုးသားယူ၂၂ အသင်းနှင့် ကမ္ဘောဒီးယားယူ၂၂ အသင်းတို့ယှဉ်ပြိုင်ကစားနေကြစဉ် (ဓါတ်ပုံ- Myanmar Football Federation) Sport

ရန်ကုန်၊ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစား ပွဲ၊ အမျိုးသားယူ ၂၂ ဘောလုံး ပြိုင်ပွဲတတိယ နေရာလုပွဲကို မြန်မာအမျိုးသား ယူ၂၂ အသင်း နှင့် ကမ္ဘောဒီးယားအမျိုးသား ယူ၂၂ အသင်းတို့ဒီဇင်ဘာ ၁၀ရက် ကယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါ ပွဲတွင် မြန်မာယူ၂၂ အမျိုးသား အသင်း နှင့် ကမ္ဘောဒီးယားယူ၂၂ အမျိုးသားအသင်းတို့ မိနစ် ၉၀ ထိ နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်နေသဖြင့် ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းကြရာ မြန်မာအမျိုးသားယူ ၂၂ အသင်းက ကမ္ဘောဒီးယားအမျိုးသားယူ ၂၂ အသင်း ကို ၇ ဂိုး ၆ဂိုးဖြင့် အနိုင်ရရှိပြီး တတိယဆုရရှိခဲ့သည်။ (Xinhua)