16
Tue, Jul
544 New Articles

ရန်ကုန် ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၌ ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် သေဆုံးသူအများဆုံးဖြစ်လာကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်နေသည့် အတွက် ကယ်ဆယ်ရေးစခန်း ၂၆ ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း မြစ်ကြီးနားမြို့ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ဌာနမှူး ဒေါ်သန္တာလှိုင်က ဆင်ဟွာ ကို ယနေ့ပြောသည်။

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် အတွင်းရှိ ကျေးရွာအချို့ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ရေများဝင်ရောက်လာမှုကြောင့် အခြေခံ ပညာကျောင်း(၉)ကျောင်း ခေတ္တပိတ်ထား ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) 

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် ငွေကျပ် ၁၅၄၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ ခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။ 

နေပြည်တော်၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် ဒေသတွင်းနိုင်ငံများ နည်းပညာနှင့် စီးပွားရေးလုပ်ငန်းများ ကဏ္ဍစုံ၌ ပူးပေါင်း ဆောင်ရွက်ရေး (BIMSTEC:_ The Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) ၏ လုပ်ငန်းများတွင် စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် ကဏ္ဍများအား ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်သင့်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ အောင်သူက ယနေ့  ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

 

နိုင်ငံတစ်ဝန်းတွင်  ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၁ရက်အထိ သေဆုံးသူ  ၄၁ဦးရှိလာကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

နေပြည်တော်၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၊ သို့ မဟုတ် ၂၀၂၀ ဇန်န၀ါရီလတွင် ကျင်းပရန် စီစဉ်ဆောင်ရွက်သွားမည်ဟု ယနေ့  တစ်ရက်တာ ပြုလုပ်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟို (NRPC) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) တို့  တွေ့ ဆုံ ဆွေးနွေးပွဲ အပြီး၌ သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) 

၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ အကြား ရွေးကောက်ပွဲလွန် ကာလ ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီက ရန်ကုန်မြို့၊ Park Royal Hotel တွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ဆက်သွယ်ရေးဥပဒေ အခန်း(၄)နှင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ(၃၃)တို့အရ ပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်းများသည် လိုင်စင်ယူရန်လိုအပ်သည့် ဆက်သွယ်ရေးပစ္စည်းများကို လက်ဝယ်ထားရှိရန်နှင့် အသုံးပြုရန်အတွက် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်ရယူရန် လိုအပ်ကြောင်း၊ လိုင်စင်မရှိပဲ အသုံးပြုပါက ဌာနမှ တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိရပါက ဆက်သွယ်ရေး ဥပဒေပုဒ်မ(၆၇)နှင့် အခြားသော တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ယနေ့ အသိပေးကြေညာချက်ထုတ်ပြန်သည်။

နေပြည်တော်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံရေးသဘောတူညီချက်မရခင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် ကြားကာလမှာ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့်  ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း RCSS ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦး ဘောင်ခေးက ပြောသည်။