16
Tue, Jul
544 New Articles

ရန်ကုန် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာ နိုင်ငံသား များအား စတုတ္ထအကြိမ် ပြန်လည် လက်ခံရေး လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ဇူလိုင် ၁ ရက်မှ ၃ ရက် အထိ နိုင်ငံသား စိစစ်ပြီးသူ စုစုပေါင်း ၃၁၀ ဦး သတ်မှတ်ထားရှိသည့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှ တစ်ဆင့် အဆင်ပြေ ချောမွေ့စွာ လက်ခံ ဆောင်ရွက် နိုင်ခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

H1N1ရောဂါပိုးဖြစ်ပွားမှုမြင့်တက်သည့် မိုးဦးကျအတွင်း H1N1 ရောဂါပိုးကြောင့် တစ်နိုင်ငံလုံး၌ သေဆုံးသူ ၂၁ ဦးထိရှိလာကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (နေပြည်တော်) ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောကြားသည်။

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက် (၁၉) မိုင်ခန့် အကွာ တွင် ယနေ့ မွန်းတည့်အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားခဲ့ပြီး အဆိုပါငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု မရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (ငလျင်ဌာနခွဲ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးသန်းက ဆင်ဟွာကိုပြောသည်။

နေပြည်တော်၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

အခွင့်အရေး တစ်ခုတည်းကိုသာ မစဉ်းစားဘဲ အခွင့်အရေးနှင့် တာဝန်တို့ ကို ဒွန်တွဲပြီး ဆောင်ရွက်ကြမှသာ မိမိတို့ နိုင်ငံသည် အမှန်တကယ် တန်ဖိုးရှီသည့် နိုင်ငံ ဖြစ်လာနိုင်ကြောင်း 

နေပြည်တော် MICC II တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီက ယနေ့ ကျင်းပသော မြန်မာအမျိုးသမီးများနေ့  အခမ်းအနား အဖွင့် မိန့် ခွန်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က ယနေ့ ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး တွင် ခွေးရူးပြန်ရောဂါ ကာကွယ်ရေးလုပ်ငန်းအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ခွေး သို့မဟုတ် တိရစ္ဆာန် အကိုက်ခံရသူ လူနာများအတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ရရှိစေရန်နှင့် အခမဲ့ထိုးနှံ ပေးနိုင်ရန် စီမံဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ  လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် လူကုန်ကူးမှုအမှုပေါင်း ၂၂မှု အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ဆိုင်ကယ် နှင့် သုံးဘီး ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီးအဖြစ် ဒေါ်မိုးမိုးစုကြည် အား ခန့်အပ်တာဝန်ပေးခြင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ နှင့်အညီ လွှတ်တော်က သဘော တူကြောင်း ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ ကြေညာခဲ့သည်။

ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာ နိုင်ငံသားများ ပြန်လည်လက်ခံရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁ ရက်မှ ၃ ရက်အထိ နိုင်ငံသား စိစစ်ပြီး သူများအား သတ်မှတ်ထားရှိသည့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် စတုတ္ထအကြိမ် ပြန်လည် စိစစ် လက်ခံရေး အစီအစဉ်အား ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်း‌ခြေတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတိပေးချက်ထုတ်ပြန်သည်။