16
Tue, Jul
542 New Articles

သာသနာရေး နှင့် ယဉ်ကျေးမှု ပြည်ထောင်စု ၀န်ကြီး နှင့် တရုတ်နိုင်ငံ တိဘက် ဒေသ၏ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ ဝင်တို့ တွေ့ ဆုံ 

သာသနာရေး နှင့် ယဉ်ကျေးမှု ပြည်ထောင်စု ၀န်ကြီး နှင့် တိဘက် ဒေသ၏ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ ဝင်တို့ တွေ့ ဆုံစဉ်(ဆင်ဟွာ) Culture

ရန်ကုန် ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ)

သာသနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကို နှင့် တရုတ်နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့  ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ညွှန်ကြားရေးမှူး Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တို့ သည် ယနေ့ ဇွန် ၁၆ ရက်တွင် ရန်ကုန်မြို့ ရှိ သာသနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန(ရန်ကုန်ရုံးခွဲ)၌ တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ ဆုံစဉ် ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကိုက Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ အား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ဦးစွာ ပြောကြားခဲ့ပြီးနောက် တရုတ် - မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ၊ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေး ပြောကြား ခဲ့သည်။

အဆိုပါ တွေ့ ဆုံပွဲတွင် ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကို နှင့် ဒုတိယ ၀န်ကြီး ဦးကြည်မင်းတို့ အပါအ၀င် အပြည်ပြည် ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်မှ ပါမောက္ခ ဆရာတော် ဘဒ္ဒန္တနောဓိဉာဏ နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓဘာသာ အဖွဲ့ ချုပ် နှင့် နယ်စပ် တောင်တန်း ဒေသ သာသနာ့နုဂ္ဂဟ အသင်းမှ ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေတို့ လည်း ပါဝင် ဆွေးနွေးခဲ့ကြသည်။(Xinhua)