12
Tue, Nov
469 New Articles

ရန်ကုန် ၊ မေ ၂၇ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ရန်ကုန် ဒေသ "တရုတ် စာပေ ပေါင်းကူးတံတား" ပြိုင်ပွဲ ကို မေလ ၂၇ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန် မြို့ မင်းရဲကျော်စွာလမ်းရှိ တရုတ်ယဉ်ကျေးမှု စင်တာတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရန်ကုန် ၊ မေ ၂၆ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် "တရုတ် စာပေ ပေါင်းကူးတံတား" (Chinese Bridge) ရန်ကုန် ဒေသဆိုင်ရာ တရုတ် စာပေ နှင့် ယဉ်ကျေးမှု ကျွမ်းကျင်မှု ပြိုင်ပွဲ ကို မေလ ၂၆ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန် မြို့ မင်းရဲကျော်စွာ လမ်း ရှိ တရုတ် ယဉ်ကျေးမှု စင်တာ တွင် စတင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

ရန်ကုန်၊ မတ်လ ၃၀ ရက်(ဆင်ဟွာ)

ကမ္ဘာ့ကျော် တရုတ်နိုင်ငံ မကာအိုသံစုံတီးဝိုင်းဖျော်ဖြေပွဲကို မတ်လ ၃၀ ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ၎င်းဖျော်ဖြေပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မကာအို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူမှုရေးနှင့်ယဉ်ကျေးမှုရေးရာဦးစီးဌာနတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

၁၃ ကြိမ်မြောက် စဉ့်အိုးတန်းလမ်း(အထက်) တရုတ် ရိုးရာ ခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည်ပြ ပြိုင်ပွဲအား ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ စဉ့်အိုးတန်းလမ်း၌ ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖွင့်ပွဲ အခမ်းအနား နှင့် အတူ စတင် ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နာမည်ကျော် ရုပ်ရှင် ဇာတ်ကားများအား မြန်မာ ဘာသာစကား ဖြင့် အသံသွင်း ပြသ သည့် ၂၀၁၈ ခုနှစ် တရုတ် ရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ နေပြည်တော် အဆင့်မြင့် ရုပ်ရှင်ရုံ တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

ပထမ အကြိမ် “One Belt One Road” နိုင်ငံတကာ ရုပ်ရှင် မှတ်တမ်းတို တက်ဟုန်း ရုပ်ရှင် ပြပွဲအား ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၃ ရက် အထိ ယူနယ် ပြည်နယ် တက်ဟုန်း ပြည်နယ်ခွဲ၌ ကျင်းပမည် ဖြစ်ရာ ပြပွဲတွင် ပူးပေါင်း ပါဝင်ကြရန် ဖိတ်ခေါ်ကြောင်း ပြပွဲ ကော်မတီမှ ထုတ်ပြန် ကြေညာခဲ့သည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ ကြီးမှူး ကျင်းပသည့် တရုတ်ရုပ်ရှင်ပွဲတော်ကို တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၂ ခု၌ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက် အထိ ပြသသွားမည် ဖြစ်ကြောင်း တရုတ်သံရုံးမှ သိရသည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ထိပ်တန်း စာဖိုမှူး များ လာရောက် ချက်ပြုတ်ပေးပြီး အစားအစာ သမိုင်းကြောင်းများ နှင့် ယဉ်ကျေးမှု ဆိုင်ရာ အကြောင်းအရာ များ ပါဝင် ပြသသွားမည့် ပထမ အကြိမ် "Spring Line" တရုတ် အစားအစာ ပွဲတော် ဖွင့်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

နေပြည်တော်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ပူးပေါင်း ဖလှယ်ရေး အဖွဲ့ချုပ်ကို နေပြည်တော်တွင် လက်ရှိ အစိုးရ သက်တမ်းအတွင်း (၂၀၂၀ ခုနှစ် မကုန်မီ) အပြီး တည်ဆောက်ရန် စီစဉ် လျက် ရှိသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မီဒီယာကို ပြောသည်။

Page 4 of 4