23
Tue, Apr
607 New Articles

သထုံ ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

မွန်ပြည်နယ် အတွက် သာမက နိုင်ငံတော် ဓာတ်အား စနစ် အတွက် အထောက်အကူ ဖြစ်စေမည့် သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေသုံး ဓာတ်အားပေး စက်ရုံ လည်ပတ်မှုအား ယနေ့ စတင် ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

 

သထုံ ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

မွန်ပြည်နယ် ၊ သထုံမြို့ ရှိ ၁၁၈.၉ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့ သုံး ဓာတ်အားပေး စက်ရုံအား ယနေ့ ဧပြီ ၅ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)

ရန်ကုန်မြစ်ဝမှ ရေမိုင် ၂၀ ခန့် ကွာဝေးသည့် ကမ်းလွန် ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြ အဆောက်အအုံ (Offshore Fixed Pilot Station) ဖွင့်လှစ်ခြင်း နှင့် လွှဲပြောင်း လက်ခံခြင်း အခမ်းအနားကို ယနေ့ မတ် ၃၀ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ် ခဲ့သည်။ 

နေပြည်တော်၊ မတ် ၁၄ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CIDCA (China International Development Cooperation Agency) နှင့် မြန်မာနိုင်ငံမှ ၀န်ကြီးဌာန နှစ်ခုတို့  Exchange Letter လက်မှတ်ရေးထိုးခြင်းကို ယနေ့  ညနေပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ၀န်ကြီးဌာန၌ ပြုလုပ်ခဲ့သည်။

ရန်ကုန် ၊ မတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်(ကွမ်တုန်း) - မြန်မာ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး ကို မတ်လ ၁၂ ရက် နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ WYNDHAM GRAND YANGON ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် များ နှင့် စီးပွားရေး လုပ်ငန်းရှင်များ က စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောထား အမြင်များ အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ်အစည်းအဝေးအား ယနေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

နိုင်ငံတကာပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများနှင့် နယ်စပ်ကုန်သွယ်ရေးတွင် ငွေပေးချေမှုဖွံ့ ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (Authorized Dealer – AD) လိုင်စင်ရဘဏ်များတွင် တရုတ်ယွမ် (Chinese Yuan – RMB) နှင့် ဂျပန်ယန်း (Japanese Yen) တို့  အား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ (Settlement Currencies) ဆောင်ရွက်ခွင့်ပြုကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားချက်အား ယနေ့ထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်န၀ါရီ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟိုင်နန်လေကြောင်းလိုင်း၏  ချုံချင့်-ရန်ကုန်၊ ရန်ကုန်-ချုံချင့် တိုက်ရိုက်ပျံသန်းမှုခရီးစဉ် စတင်ခြင်းအား ကြိုဆိုသည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ ဇန်န၀ါရီ ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 တွင် ကျင်းပပြုလုပ်ခဲ့သည်။ 

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာ အမျိုးသား လေကြောင်းလိုင်း ၏ ဆဌမမြောက် နိုင်ငံတကာ ခရီးစဉ် ဖြစ်သော တရုတ် နိုင်ငံ ချန်ဒူးမြို့ နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အကြား တိုက်ရိုက် ပျံသန်းမည့် ခရီးစဉ်သစ် မိတ်ဆက်ပွဲ အခမ်းအနား ကို ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်း တွင် ရန်ကုန် မြို့ရှိ မြန်မာ အမျိုးသား လေကြောင်းလိုင်းရုံး တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် နှင့် အားအင်သစ်များ ဖြည့်စွက် နိုင်ရန် အတွက် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်း တွင် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှု စင်တာ ၌  “တရုတ်-မြန်မာ ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်မှု နှီးနှောဖလှယ်ပွဲ” အား ကျင်းပ ပြုလုပ် ခဲ့သည်။

Page 1 of 3