17
Tue, Jan
667 New Articles

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)ဖြင့် ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၈ လတာ ကာလအတွင်း  ကုန်သွယ်မှု ပမာဏမှာ ယခင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ထက် မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

၂၀၁၆ - ၁၇ ပထမ ခြောက်လပတ်အတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၅ ဘီလျံကျော် ရှိခဲ့ခြင်းကြောင့် ပို့ ကုန် တွန်းအားပေး မဟာဗျူဟာကို လက်တွေ့ ကျကျ ဆောင်ရွက်ရန် ပြည်ထောင်စု လွှတ် တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ၏အကြံပြုချက်ကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးက အတည်ပြုခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

ယခုရက်ပိုင်းအတွင်း မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားခြင်းများကြောင့် လတ်တလော အခြေအနေတွင် အမေရိကန် ဒေါ်လာ ဈေးနှုန်းမှာ ၁၃၈၀ ကျော်မှ ၁၄၀၀ ကျော်အထိ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်လာဈေးကွက် အသိုင်းအ၀ိုင်းမှ သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

Sino-Myanmar Seminar 2016 ကို ရန်ကုန်မြို့ရှိဆီဒိုးနားဟိုတယ် တွင် နိုဝင်ဘာ ၂၆ ရက်နေ့ တွင် ကျင်းပ ခဲ့သည်။

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၊ထျန်ရောင်ခရိုင် ပိုင်ဆယ်မြို့တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေမှ ၃၀ ရက်နေ့ထိ ကျင်းပပြုလုပ်မည့် ၉ ကြိမ်မြောက် အာဆီယံ-တရုတ် ခေတ်မှီ စိုက်ပျိုးရေးဆိုင်ရာပြပွဲကို မြန်မာနိုင်ငံမှ စိုက်ပျိုးရေးနှင့်ပတ်သက်သည့်စီးပွားရေးလုပ်ငန်းရှင်များပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်ထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်(UMFCCI )မှ သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

ရင်းနှီးငွေ နည်းပါးသည့် ပြည်သူများ ရင်းနှီးနိုင်သည့် ငွေပမာဏ အလျောက် အစု ရှယ်ယာများ လွယ်လင့်တကူ ၀ယ်ယူ ရင်းနှီး မြှုပ်နှံနိုင်ရန် နှင့် ကဏ္ဍစုံ ရင်းနှီး မြှုပ်နှံသူများ ပိုမို ပါဝင် လာခြင်းဖြင့် ရှယ်ယာ ရောင်းဝယ်မှု ပမာဏ မြင့်တက် လာစေရန် ရည်ရွယ်၍ မြန်မာ သီလ၀ါ အထူး စီးပွားရေး ဇုန် အများပိုင် ကုမ္ပဏီ (MTSH) မှ အစု ရှယ်ယာ ခွဲခြင်းခြင်းများအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။