26
Wed, Sep
674 New Articles

ပုဂံ ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား ငလျင်ဒဏ်ကြောင့် ပျက်စီး ခဲ့သည့် ပုဂံဒေသ ရှိ သဗ္ဗညုဘုရား ပြန်လည် ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ ရေးထိုးပွဲအခမ်းအနား ကို စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်း အချိန် တွင် သဗ္ဗညုဘုရား ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး တရုတ် နိုင်ငံ အစိုးရ က ယွမ်ငွေ(RMB) သန်း ၂၀၀ (မြန်မာ ကျပ်ငွေ ၄၇ ဘီလီယံ) ခန့် အသုံးပြု၍ သဗ္ဗညုဘုရား အား နှစ်နိုင်ငံ ပညာရှင်များ ပူးပေါင်းကာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တွင် တရုတ် နိုင်ငံ အစိုးရ မှ ပေးအပ်သည့် ပညာတော်သင်ဆု ဖြင့် တရုတ် နိုင်ငံ သို့ သွားရောက် ပညာသင်ယူမည့် ကျောင်းသား/သူ နှင့် ဆရာများ အား ဂုဏ်ပြုနှုတ်ဆက်သည့် အခမ်းအနား ကို စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်း တွင် ရန်ကုန် မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

နေပြည်တော် ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ လျှပ်စစ် နှင့် စွမ်းအင် ၀န်ကြီးဌာန နှင့် တရုတ်အမျိုးသားရေနံ ကော်ပိုရေးရှင်း (CNPC) တို့မှ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း စီမံကိန်း ကုမ္ပဏီ (SEAOP)  မှ နေပြည်တော် ကောင်စီနယ်မြေ ၊ ပျဉ်းမနားမြို့နယ် ၊ အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်း တွင် ဆောက်လုပ်လှူဒါန်း ခဲ့သည့် ၃ ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲ နှင့် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကို စက်တင်ဘာ ၇ ရက် နံနက်ပိုင်း အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရန်ကုန် ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သိပံ္ပ နှင့် နည်းပညာ ဝန်ကြီးဌာန မှ မြန်မာ နိုင်ငံ အား နည်းပညာ ကူညီထောက်ပံ့သော စီမံကိန်း တစ်ခု ဖြစ်သည့် ဇီဝလောင်စာဓာတ်ငွေ့သုံး မီးစက် သရုပ်ပြ မောင်းနှင်ခြင်း နှင့် လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနား အား သြဂုတ်လ ၃၀ ရက် နံနက်ပိုင်း အချိန်တွင် ဧရာဝတီတိုင်း ၊ ညောင်တုန်း မြို့နယ် ၊ အမြောင် ကျေးရွာ ရှိ ဒို့လယ်သမား ဆန်စက် တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

နေပြည်တော် ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဌာန နှင့် မြန်မာ နိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန တို့မှ အတူတကွ ကျင်းပပြုလုပ်သည့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရေးသားသည့် တရုတ် နိုင်ငံရေးရာ စီမံခန့်ခွဲမှု စာအုပ် ပထမဆုံးအကြိမ် မြန်မာဘာသာ ဖြင့် စတင်ထုတ်ဝေ မိတ်ဆက်သည့် အခမ်းအနား နှင့် တရုတ်-မြန်မာ နိုင်ငံရေးရာ စီမံခန့်ခွဲမှု ဆွေးနွေးပွဲ ကို ဇူလိုင်လ ၉ ရက် ၌ နေပြည်တော် ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ-၂ တွင် ကျင်းပပြုလုပ် ခဲ့သည်။

ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာချစ်ကြည်ရေး စာအုပ်ထုတ်ဝေမှုထောက်ပံ့ရေး စီမံကိန်း ဆိုင်ရာ အကဲဖြတ် စံနှုန်းနှင့်အညီ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ လျှောက်ထားသူများအား ငွေကြေးထောက်ပံ့ရန် ဆုံးဖြတ်လိုက်သည့် အမည်စာရင်းများအား  ယနေ့ ဇူလိုင် ၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

နေပြည်တော် ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ် (Wei Fenghe) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့က ဇွန်လ ၁၅ ရက် နေ့လယ်ပိုင်း အချိန်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

နေပြည်တော် ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

တရုတ် လူမှုသိပ္ပံ အကယ်ဒမီ  (Chinese Academy of Social Sciences) နိုင်ငံရေး သိပ္ပံ သုတေသန ဌာန ဌာနမှူး Fang Ning နှင့်  တရုတ် လူမှု သိပ္ပံ အကယ်ဒမီ အာရှ ပစိဖိတ် နှင့် ကမ္ဘာလုံး ဆိုင်ရာ မဟာ ဗျူဟာ သုတေသန ဌာန၏ ဦးဆောင်သုတေသီ Xu Liping တို့သည် ဇွန် ၄ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် သဘင်ဆောင်၌ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အချို့ နှင့် တွေ့ ဆုံပြီး ဟောပြောပွဲ တစ်ရပ်အား ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

ကချင် ပြည်နယ် အတွင်း ရှိ နေရပ် စွန့်ခွာ ဒုက္ခသည် များ ၏ စားဝတ်နေရေး အတွက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ထောက်ပံ့လှူဒါန်းငွေ ပေးအပ်ခြင်း အခမ်းအနား ကို ဇွန် လ ၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

နေပြည်တော်၊ မေလ ၁၀ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင် ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီး ကျောက်ခဲ့ကျစ် အား မေလ ၉ ရက်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

Page 1 of 4