17
Tue, Jan
667 New Articles

ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး အတွင်း လုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေး နှင့် မှုခင်းကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ငွေကျပ် သိန်း ၁၆၀ တန်ဖိုးရှိ စက်ဘီး အစီး (၁၀၀) ၊ ငွေကျပ် သိန်း ၁၃၅ တန်ဖိုးရှိ HYT အထိုင်စက် (၇) လုံး နှင့် လက်ကိုင် စကားပြောစက် (၁၃) လုံး စုစုပေါင်း ငွေကျပ် တန်ဖိုး ၂၉၅ သိန်းရှိ ပစ္စည်းများ ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံသို့ ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံး ခန်းမ(၁) တွင် ပေးအပ် လှူဒါန်းပွဲ တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၊ တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့မှ မြန်မာနိုင်ငံ၏ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ထံမှ သိရှိခဲ့ရသည်။

နေပြည်တော် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့် အရာရှိ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လျုံကျန့်မင် (Lui Zhenmin) နှင့် တရုတ်ဗဟိုစစ်ကော်မရှင် ၊ ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူးးGeneral Xu Fenlin ၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးး ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ မှ ဦးဆောင်၍ ဆွေးနွေးပွဲ အားကျင်းပ ပြုလုပ် ခဲ့သည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် တရုတ်-မြန်မာနယ်စပ်ဒေသ၏ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် အလေးအနက်ဂရုပြုပါကြောင်း၊ မြန်မာနိုင်ငံ၏ဒေသအချို့တွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားရခြင်းနှင့် စပ်လျဉ်း၍လည်း အလေးအနက်ဂရုပြုပါကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးမှတွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီး မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုရရှိစေရန်အတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်စေရန် တရုတ်နိုင်ငံဘက်မှတိုက်တွန်းကြောင်း နိုဝင်ဘာလ (၂၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကပြောကြားသည်။

နေပြည်တော် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက်(NPC) တိဘက် ကိုယ်စားလှယ်အဖွဲ့၏ မြန်မာ နိုင်ငံ သို့လာရောက်လည်ပတ်သည့် ချစ်ကြည်လည်ပတ်ရေး ခရီးစဉ်သည် ယနေ့တွင် ပြီးဆုံး ခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သို့ ချစ်ကြည်ရေး ခရီး ရောက်ရှိ နေသည့် တရုတ် နိုင်ငံ ရေတပ် အမှတ်စဉ် ၂၃ ရေယာဉ် ကာကွယ်ရေး တပ်ဖွဲ့မှ XiangTan နှင့် ZhouShan စစ်သင်္ဘော တို့သည့် ယနေ့တွင် ၅ ရက်ကြာ လည်ပတ်ရေး ခရီးစဉ် ပြီးဆုံးပြီး မွန်းလွှဲ ၃ နာရီခန့်တွင် သီလဝါ ဆိပ်ကမ်း မှ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့သည့်အခါတွင်  ဆန်၊ပြောင်း၊ သစ်သီးနှင့် ရာသီအစားအစာများကို တင်ပို့နေရပြီး တရားဝင်တင်ပို့မှုများ ရှိသော်လည်း တရားမဝင် တင်ပို့နေမှုများရှိကြောင်း၊  ရေရှည်စီးပွားရေးလုပ်မည်ဆိုပါက တရားဝင်နည်းလမ်းသည် အကောင်းဆုံးဖြစ်ကြောင်း ရေထွက်ကုန် ထုတ်လုပ်သူများ နှင့် တင်ပို့သူများအသင်း မှ ဥက္ကဋ္ဌ ဦးထွန်းအေး က ဆင်ဟွာကိုပြောသည်။

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့နေသည့် နိုင်ငံများအနက် တရုတ်နိုင်ငံ တစ်နိုင်ငံတည်း သို့ ၈ဝ ရာခိုင်နှုန်းကျော် တင်ပို့ နေရကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင် ကပြောသည်။

ရန်ကုန် ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ်၏ စီစဉ်ဆောင်ရွက်မှုဖြင့် တရုတ် ရေတပ် အမှတ်စဉ် ၂၃ ရေယာဉ် ကာကွယ်ရေး တပ်ဖွဲ့မှ XiangTan နှင့် ZhouShan စစ်သင်္ဘောများသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ် အဖြစ် ယနေ့ စက်တင်ဘာလ ၃၀ ရက်တွင် ရန်ကုန်မြို့ သီလ၀ါ ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။

နေပြည်တော် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကော်စိမ်းခွန်း (Guo Shengkun)သည် စက်တင်ဘာ ၂၇ ရက်နေ့တွင် နေပြည်တော်၌ မြန်မာ နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ နှင့်တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ (၅)ကြိမ်မြောက် တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး အား အတူတကွ ဦးဆောင် ကျင်းပ ခဲ့သည်။

Page 1 of 2